ဖားဆောင်းမြို့နယ်

မြို့
၁(ဖားဆောင်း)
ရပ်ကွက်
ကျေးရွာအုပ်စု
ကျေးရွာ
၅၆
လူဦးရေ
၂၃၅၀၆
အိမ်ထောင်စု
၄၈၅၁
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၅၃၇
မိုးရေချိန်(လက်မ)
၁၉.၀၂
အပူချိန်(ဒီဂရီ)
မြင့်(၄၂.C)-နိမ့်(၈.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
၈၂၃၂
ပလပ်မြေ(ဧက)
-
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
၃၂၁၇၃၄
တောရိုင်း(ဧက)
၄၆၄၆၁
မြေရိုင်း(ဧက)
၄၃၆၅
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၂၂၀၅၁
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
ဖားဆောင်းမြို့နယ်သည် ဘောလခဲခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၀မိနစ် မှ    ၁၉ဒီဂရီ ၁၅မိနစ် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၅၇မိနစ် မှ ၉၇ဒီဂရီ ၄၅မိနစ်အကြားတွင် ရှိပြီး မြို့နယ် ၏ အကျယ်အ၀န်းမှာ (၆၂၉.၄၄) စတုရန်းမိုင် ကျယ်၀န်းပါသည်။
 
နယ်နိမိတ်
ဖားဆောင်းမြို့နယ်၏ အရှေ့ဘက်တွင်  မယ်စဲ့မြို့နယ်နှင့် အနောက်ဘက်တွင် ကရင်ပြည်နယ်ရှိ သံတောင်မြို့နယ်၊ တောင်ဘက်တွင် ကရင်ပြည်နယ်ရှိ ဖာပွန်မြို့နယ်၊ မြောက်ဘက်တွင်  ဘောလခဲမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။
 
မြေမျက်နှာ သွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် (၅၃၇)ပေတွင် တည်ရှိပါသည်။ဖားဆောင်းမြို့နယ်သည် တောင်တန်းဒေသဖြစ်သည့်အားလျော်စွာ သံလွင်မြစ်ဝှမ်းနှင့် တောင်ကြား လွင်ပြင်များတွင်သာ မြေညီမြေပြန့်ရှိပြီး ကျန်ဒေသများမှာ တောင်ကုန်း တောင်တန်း တောင်စွယ်များနှင့် ချောက်ကမ်းပါးများရှိပါသည်။ အမြင့်ဆုံးတောင်မှာ မော်ချီးကျေးရွာနှင့် (၇)မိုင်အကွာရှိ ပင်လယ်ရေမျက်နှာပြင်  အထက်အမြင့်(၈၆၀၇)ပေရှိသော နတ်တောင်ဖြစ်ပါသည်။
 
ရာသီဥတု
ဖားဆောင်းမြို့နယ်သည် အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၂)ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ (၈)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၁၉.၀၂)လက်မရှိပါသည်။
 
ရေဆင်း ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်နှင့်တောင်ကျချောင်း (၉)ချောင်း စီးဆင်းလျှက်ရှိပြီး အရှည်ဆုံးမြစ်မှာ သံလွင်မြစ်ဖြစ်၍ ဖားဆောင်းမြို့မှ ကရင်ပြည်နယ်သို့ စီးဆင်းလျှက်ရှိပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်
Images (2)
11.jpg
11.jpg
12.jpg