အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ တက်ရောက်

ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ၊ ဦးတည်ချက်များ ချမှတ်ပြီး  ရည်မှန်းချက်ပန်းတိုင်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍကို အဓိကတာဝန်ယူရပြီး ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည်ဖြစ်ကြောင်း ၊ ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်နိုင်ရေးအတွက် ဝန်ထမ်းများသည် တာဝန်ပိုင်းဆိုင်ရာစံနှုန်းများနှင့်အညီ လုပ်ငန်းကျွမ်းကျင်မှု ၊ ကျင့်သုံးရမည့် ဥပဒေ ၊ လုပ်ထုံးလုပ်နည်းများကို နားလည်တတ်ကျွမ်းရမည်ဖြစ်ကြောင်း ၊  လက်တွေ့ လုပ်ငန်းခွင်တွင် နိုင်ငံ့အကျိုး ၊ ပြည်သူ့အကျိုးကို အဓိကဦိးတည်၍ အမျိုးသားရေး မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်ပြီး စံနမူနာပြ ဝန်ထမ်းများဖြစ်စေရန် ကြိုးစားလေ့ကျင့် တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ဆက်လက်၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား/သူ(၂)ဦးမှ လက်ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား ၊ သင်တန်းသူများအား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ သည်။
အဆိုပါသင်တန်းကို ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးစီး၍ မေလ၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်တန်းကာလ (၄)ပတ်ဖွင့်လှစ်သင်ကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းငယ် (၄၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။