အဓိကအကြောင်းအရာသို့ သွားမည်
x

တည်နေရာ၊အကျယ်အဝန်း

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိပါသည်။ ကယားပြည်နယ်သည် ‌မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၀ မိနစ်နှင့် ၁၉ ဒီဂရီ ၅၅ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ် နှင့် ၉၇ ဒီဂရီ ၉၃ မိနစ် အကြားတွင်တည်ရှိပါသည်။ ခရိုင်၏ ဧရိယာအကျယ်အဝန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

ခရိုင်

ခရိုင်ဧရိယာစတုရန်းမိုင်

ခရိုင်ရှိမြို့များ၏ဧရိယာ

စတုရန်းမိုင်ပေါင်း

လွိုင်ကော်

၂၅၂၄. ၀၉၉0

၁၃.၁၉၂

ဘောလခဲ

၁၉၉၄.၇၆၀

၂.၂၉၃

ပြည်နယ်ချုပ်

၄၅၁၈.၈၅၉

၁၅.၄၈၅

နယ်နိမိတ်

ကယားပြည်နယ်၏ အရှေ့ဘက်နှင့်တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကရင်ပြည်နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ် နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ကယားပြည်နယ်သည် ကုန်းမြင့်လွင်ပြင်ဒေသဖြစ်ပြီး တောင်ကုန်းတောင်တန်းများပေါများပါသည်။ ကယားပြည်နယ်သည် မြစ်၊ ချောင်း များနည်းပါးပြီး ထင်ရှားသောမြစ်မှာ သံလွင်မြစ်ဖြစ်ပါသည်။

ရေဆင်း

ကယားပြည်နယ်သည် မြစ်၊ ချောင်းများနည်းပါးသည့် ဒေသ တစ်ခုဖြစ်ပါသည်။ ထင်ရှားသောမြစ်မှာ သံလွင်မြစ်ဖြစ်ပြီး ရှားတော မြို့၊ ရွာသစ်မြို့၊ ဖားဆောင်းမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ဒေသတွင်းရှိ ဘီလူးချောင်း၊ ပွန်ချောင်း၊ ထူးချောင်း တို့မှာ မြောက်မှတောင်သို့စီးဆင်းပြီး သံလွင်မြစ်အတွင်းသို့ စီးဝင်ပါ သည်။ ကယားပြည်နယ်အတွင်းရှိ ရေအရင်းအမြစ်အများစုမှာ ရေချို ဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ကယားပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ အမြင့်( ၄၂၅ မှ ၆၀၀၀ )ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံး တောင်မှာ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ နတ်တောင်ဖြစ်၍ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ(၈၀၀၀)ကျော်ဖြစ်ပါသည်။ ကယားပြည်နယ်၏ အနိမ့်ဆုံးအရပ်ဒေသမှာ ဘောလခဲခရိုင်၊ ရှားတောမြို့နယ်ဖြစ်ပါသည်။

လူမျိုးနှင့်လူဦးရေ

ကယားပြည်နယ်တွင်း ကယားတိုင်းရင်းသားများနှင့်အတူ ဗမာ၊ရှမ်း၊ကရင် နှင့်အခြား တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်လျှက်ရှိကြပါသည်။ ၂၀၁၆ခုနှစ်၊ ဇူလိုင်လအထိ ကယားပြည် နယ်အတွင်း လူဦးရေသည် (၂၉၆၁၅၁) ဦးနေထိုင်လျှက်ရှိပါသည်။ ကယားတိုင်းရင်းသားလူမျိုး(၉)မျိုးရှိပြီး အောက်ပါလူမျိုးစုများ ပါဝင်ကြပါသည်-

(၁)
ကယား
(၂)
ကယန်း
(၃)
ကယန်း (လထ)
(၄)
ကယော
(၅)
ယင်းဘော်
(၆)
ယင်းတလဲ
(၇)
ဂေခို
(၈)
ဂေဘား
(၉)
ကယားမိုနု (မနုမနော)

 

ခေတ်သစ်ကယား
modern kayah
ရှေးဟောင်းကယား
ancient kayah

ကယား တိုင်းရင်းသားများသည် ကယားပြည်နယ် အတွင်းရှိ မြို့နယ်များ ဖြစ်သော လွိုင်ကော်၊ ဒီးမောဆို၊ ဖရူးဆို၊ ရှားတော၊ ဘောလခဲ၊ ဖါးဆောင်း၊ မယ်စဲ့နှင့် ရွာသစ် မြို့များတွင် အများဆုံး နေထိုင်ကြပါသည်။ ကယား တိုင်းရင်းသားများ၏ ထင်ရှားသော ပွဲတော်များမှာ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်၊ ဒီးကူပွဲတော်၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ တောကောင်လိုက်ပွဲ၊ ငှက်လိုက်ပွဲ၊ ထိမ်းမြားမင်္ဂလာပွဲ၊ ကလေးအမည်ပေးပွဲ၊ ကလေးချက်ကြွေပွဲ၊ အသုဘပွဲ၊ ထမင်းထောင်းစားပွဲ တို့ဖြစ်ပါသည်။

ဒေသဆိုင်ရာအချက်အလက်