ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကယားပြည်နယ်အတွင်းဆောင်ရွက်

24-3-2020 1

24-3-2020 2

24-3-2020 3

(၂၀၁၉ မတ် ၂၄)

ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့် ရောဂါ ဖြစ်ပွားလာပါက ကုသဆောင်ရွက်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် သီးခြားဆေးကုသ ဆောင်များ ပြင်ဆင်ဆောင်ရွက်နေမှုအား ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူတို့က ယနေ့နံနက် (၁၁) နာရီအချိန်က လွိုင်ကော် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး နှင့် တာဝန်ရှိသူတို့က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အတွင်းရှိ လူနာဆောင်များအားကြည့်ရှုစစ်ဆေးခြင်း ၊ (COVID-19) ရောဂါဖြစ်ပွားလာပါက လူနာများအား သီးခြားထားရှိမည့်အခန်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုပြီး လုပ်ငန်းများအမြန်ပြီးစီးဆောင်ရွက်ထားကြရန် ၊ ကျန်းမာရေးဝန်ထမ်းများကလည်း ကယားပြည်နယ် အတွင်းရှိ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာခဲ့သည့် ပြည်သူများကိုလည်း စစ်ဆေးစောင့်ကြည့်မှုများကို သတိပြု လုပ်ဆောင်သွားကြရန် ၊ သံသယလူနာများရှိပါက သေချာစွာ စောင့်ကြပ်ကြည့်ရှု ကုသခြင်းများဆောင်ရွက် ပေးသွားကြရန် လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။