ဒီးမော့ဆိုမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/သူများအား ပြည်နယ်ဝန်ကြီးချုပ် သွား ရောက် အားပေး

17-3-2020-1 1

17-3-2020-1 2

17-3-2020-1 3

(၂၀၂၀ မတ် ၁၇)

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာ နိုင်ငံတစ်ဝှမ်းလုံးတွင် ကျင်းပဆောင်ရွက် လျက်ရှိရာ ကယားပြည်နယ် ဒီးမောဆိုမြို့နယ်အတွင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲ ရူပဗေဒ ဘာသာရပ် ဖြေဆိုလျက်ရှိ သော ကျောင်းသား/သူများအား ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည် နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ ခေတ္တအတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာန တာ၀န်ရှိသူများနှင့်အတူ (၁၇.၃.၂၀၂၀) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အ ကြီးအကဲများသည် ဒီးမော့ဆိုမြို့နယ်အတွင်း ယခုနှစ်တွင် ထပ်တိုးစာစစ်ဌာန ဖြစ်သည့် အထက(ငွေတောင်)သို့လည်းကောင်း၊ ယင်းမှ တဆင့် အထက(ခွဲ) ဒေါတမငယ်နှင့် အထက(ဒီးမော့ဆို) ကျောင်းများသို့လည်းကောင်း သွားရောက်၍ ကျောင်း သား/သူများ၏ စာမေးပွဲဖြေဆိုမှုများအား ကြည့်ရှု အား ပေးခဲ့ပြီး ကြီးကြပ်သူများ၊ လုံခြံရေး‌တာဝန် ဆောင်ရွက် လျက်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ ပါသည်။