ကယားဖူးနှစ်ခြင်း အသင်းတော်အတွက် ပြည်နယ် ဝန်ကြီးချုပ် ထောက်ပံ့‌ငွေပေးအပ်

1

(၂၀၂၀ မတ် ၁၆)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဘာသာ သာသနာများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များအား တတ်စွမ်း သမျှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိရာ ကယားဖူး နှစ်ခြင်း အသင်းတော်များအဖွဲ့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၆) ကြိမ်မြောက် ဓမ္မသဘင်နှင့်သင်းလုံးကျွတ် အစည်း အဝေးအား ရှားတောနှစ်ခြင်း ခရစ်ယာန်အသင်းတော် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုသည် (၁၆.၃.၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန် ၎င်း၏ရုံးခန်း၌ ရန်ပုံငွေကျပ်(၂၀) သိန်းအား ထောက်ပံ့ပေး အပ်ခဲ့ရာ ကယားဖူးနှစ်ခြင်းအသင်းတော်များအဖွဲ့မှ တာဝန်ရှိသူများက လက်ခံ ဆောင်ရွက်ခဲ့ကြပါသည်။