စက်မှုဇုန်အပိုင်း (၂) မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်း ကြည့်ရှု

13-3-2020-4 1

13-3-2020-4 2

13-3-2020-4 3

(၂၀၂၀ မတ် ၁၃)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား နိုင်ငံတော်၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်အညီ ဖြစ်စေရေး အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၁၃.၃.၂၀၂၀ )ရက်နေ့ (၁၆:၃၀) နာရီအချိန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည် နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လွိုင်ကော်မြို့၊ စက်မှုဇုန် အပိုင်း(၂)အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်မှု များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် လွိုင်ကော်မြို့၊ စက်မှုဇုန်အပိုင်း(၂)တွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်နှင့် Global South Industry Co.,Ltd မှ ဆောင်ရွက်သည့် ခဲမဖြူ အဖြိုက် နက် သတ္တုကုန်ချောစက်ရုံ တည်ဆောက်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိ သူများမှ စီမံရေးရာအဆောက်အအုံတွင် စက်ရုံတည် ဆောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ စီမံရေးရာ အဆောက်အအုံ ဆောင် ရွက်နေသည့် အခြေအနေများ၊ ဝန်ထမ်းအိမ်ရာ၊ သတ္တု သန့်စင်စက်ရုံ (၁၀)ရုံ ဆောက်လုပ်ဆောင်ရွက်နေမှုများ၊ ရေရှိရေး ဆောင်ရွက်ထားရှိမှု၊ ရေသိုလှောင်မှုစနစ်များ အား ရှင်းလင်း တင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ကန်ဒေါ်လာ သန်း(၅၀)ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ခဲမဖြူအဖြိုက်နက် သန့်စင်စက်ရုံတစ်ရုံဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်ငန်း အတွက် ရန်ပုံငွေရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ (၁၃) သန်းခန့် သုံးစွဲကုန်ကျပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းအား (၂)နှစ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်၍ ဒေသခံ များ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးရေးအတွက် စီမံဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့ကာ စက်ရုံဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများ သည် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်း Hon Fa Home ကုမ္ပဏီမှ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံ မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ကလေးကစားကွင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆောက်အအုံများနှင့် ခရီးသွားစွဲဆောင်မှု အပန်းဖြေ၊ အနားယူ လည်ပတ်ရန် လုပ်ငန်းနေရာ ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများအား လုပ်ငန်းဆောင်ရွက်ထားသည့် အဆောက်အအုံ နေရာများအား လိုက်လံပြသခဲ့ကြ ပါသည်။