ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀)ကျင်းပ

13-3-2020-2 1

13-3-2020-2 3

13-3-2020-2 2

(၂၀၂၀ မတ် ၁၃)

ကယားပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူဝါဒများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး၊ ဌာနဆိုင်ရာများလုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုတိုးတက်အောင်မြင်စေရန် အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး နိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အား (၁၃.၃.၂၀၂၀)ရက်နေ့ (၁၄:၂၅)နာရီအချိန် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက် သွယ်ရေးနှင့် လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေး ကြွရောက်လာသည့် အကြီးအကဲ များနှင့် တာဝန်ရှိသူများ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ကြောင်း၊ ယခုအစည်းအဝေးကို မပြုရသည် မှာကြာမြင့်ပြီ ဖြစ်၍ ယခုလိုခေါ်ယူခြင်းဖြစ်ပါကြောင်း၊ ယနေ့ နံနက်ပိုင်းကပင် ပြည်နယ်/ခရိုင်/မြို့နယ် တည်/ကော် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး လိုအပ်သည် များကိုလည်း မှာကြားဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဌာနအကြီးအကဲများအနေနှင့် ပြည်နယ်အတွင်း ဆောင် ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍သတ်မှတ် အချိန်တွင်း အရည်အသွေးပြည့်မီ အောင် ပြီးစီးသည်အထိ ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါ ကြောင်း၊ ချိတ်ဆက်ဆောင်ရွက်ပေးရန် ရှိသည်များကို လည်း ချိတ်ဆက်ပေးနိုင်ရန် တင်ပြစေလိုပါကြောင်း၊ ပြည်နယ်အတွင်းရှိ ဌာနအကြီးအကဲများအနေနှင့် ကြုံ တွေ့နေရသည့် အခက်အခဲများကို အလေးပေးတင် ပြပေး စေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီး အကဲများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ် သည်များ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီး ချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များမှ သက် ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ် လမ်းညွှန်အမှာ စကားပြောကြားကာ အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။