ပြည်နယ်/ ခရိုင်/ မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မတီ အစည်းအဝေး ကျင်းပ

13-3-2020-1 1

13-3-2020-1 2

13-3-2020-1 3

(၂၀၂၀ မတ် ၁၃)

ကယားပြည်နယ်အတွင်းရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မှီ ပြီးစီးရေး ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ အဆင့် ဆင့် ကြီးကြပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်/ မြို့ နယ် အုပ်ချုပ်ရေး မှူးများ၊ သက်ဆိုင်ရာဌာနနှင့် ရပ်မိ/ရပ်ဖ များ၊ ပညာရှင် ဌာနများ ပါဝင်သည့် တည်ဆောက် ရေး လုပ်ငန်းများ စိစစ်ရေး ကော်မတီများ ဖွဲ့စည်း ဆောက်ရွက်ပြီး ကယားပြည်နယ် တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေး ကော်မတီနှင့် ခရိုင်/မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မတီ အစည်းအဝေးအား (၁၃.၃.၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စည်ပင်သာယာရေး နှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဝင်များနှင့် ခရိုင်/မြို့နယ် တည် ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မ တီဝင်များ စုံလင်စွာ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ယနေ့ အစည်းအဝေးသည် ပြည်နယ်/ ခရိုင်/မြို့နယ် တည် ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပူပေါင်း ဆောင်ရွက်နိုင်ရန် အတွက် အားနည်းချက်၊ အားသာ ချက်များကို ပေါင်းစပ်ညှိနှိုင်းနိုင်ရန် ဖြစ်ပါကြောင်း၊ ၁/ ၂၀၁၇ နှင့်အညီ ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ နှင့် ပတ်သက် ၍ လက်ရှိမြေပြင်အနေအထားတွင် ကွင်းဆင်း စိစစ်ရာ၌ အချိန်နှင့် တပြေးညီ ဌာနများမှ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆောင်ရွက်စဉ် အားနည်းချက်များ၊ စီမံမှုများ အားနည်းနေ၍ ယခုအစည်းအဝေး ခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ယခင်ကတည်းက တည်/ကော်နှင့် ပတ်သက်၍ မြို့နယ်/ခရိုင်များမှ စိစစ်ခဲ့ကြောင်း၊ QC များကို ငှားရမ်းခဲ့ခြင်းမရှိပါကြောင်း၊ အင်ဂျင်နီယာ မရှိ သည့် ဌာနများမှလည်း မြို့နယ်တည်/ကော်၏ အကူ အညီရယူ၍ ဆောင်ရွက်ရသည်များရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်မှ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေး နှစ်တွင် QC များ ငှားရမ်းဆောင်ရွက်နိုင်ခဲ့ပြီး တိုးတက် သင့်သလောက် တိုးတက်ခဲ့ ပါကြောင်း၊ ယင်းအတွက် ဌာနများ မှ သက်သာသည့် အခြေအနေများကိုလည်း တွေ့မြင်ရပါကြောင်း QC အဖွဲ့ငှားရမ်းစိစစ် ဆောင်ရွက် ခဲ့သော်လည်း အားနည်းချက်များနှင့်စပ်လျဉ်း၍ တာဝန် ရှိသူမှာ ဌာနများတွင်သာ အဓိက တာဝန်ရှိပါကြောင်း၊ ယင်းအခြေအနေတွင် ဌာနမှတဆင့် အစိုးရအထိ သက် ရောက်မှုများရှိပါကြောင်း၊ ယင်း အခြေအနေများကြောင့် ယခု ဘဏ္ဍာနှစ်တွင် QCများကို ငှားရမ်းခြင်းမရှိဘဲ မြို့နယ် တည်/ကော် များဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ် ပါကြောင်း၊ အချို့သော ဌာနများတွင် အင်ဂျင်နီယာ အသိ မရှိနိုင် သည့် အခြေအနေများနှင့်စပ်လျဉ်း၍ မြို့နယ် တည်/ကော်များ ကသာ အဓိက ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယခင်က ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ချိန်ထိုးဆောင်ရွက်တတ်ရန် လိုပါကြောင်း၊ မြို့နယ်တည်/ကော်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ခြင်း မရှိသည့် လုပ်ငန်းကုမ္ပဏီများကို ကြပ်မတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အားလုံးအနေနှင့် သတိချပ် သုံးသပ် နိုင်ရန် တင်ပြခြင်းဖြစ် ပါကြောင်း၊ မြို့နယ်အဆင့်တွင် သာ အဓိကတာဝန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ် တည်/ကော်၏ အတည်ပြုချက်မရရှိဘဲနှင့် ငွေ ထုတ်ခွင့်များ ကို တင်ပြခြင်း မပြုရန် ဖြစ်ပါကြောင်း၊ အလားတူ ယင်းကဲ့သို့ အဆင့်ဆင့်သော တည်/ကော် များ၏ အတည်ပြုချက်များဖြင့်သာ ဆောင်ရွက် ကြရန် ဖြစ်ပါကြောင်း၊ ယင်းတို့မှ ထောက်ခံတင်ပြ လာမှသာ လျှင် ထုတ်ပေးဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယင်း အခြေအနေနှင့်စပ်လျဉ်း၍ အခက် အခဲများလည်း နည်းပါးမည်ဖြစ်ပါကြောင်း၊ အချို့သော ကုမ္ပဏီများမှ ပြည့်စုံစွာ ဆောင်ရွက် ပေးသော်လည်း မြေပြင်တွင် ကြန့်ကြာမှုများ မရှိ အောင် အပြန်အလှန်ရိုင်းပင်းမှုဖြင့် ဆောင်ရွက်ပေး စေလိုပါကြောင်း၊ အဓိကအားဖြင့် မြို့နယ်အုပ်ချုပ် ရေးမှူးများတွင် တာဝန်ရှိပြီး အလေး ထား ဆောင်ရွက်ပေးရန် ပြောလိုပါကြောင်း၊ တည်/ကော်များကို ဖွဲ့စည်းရာတွင် ကျွမ်းကျင်သူများ၊ တတ်သိ နားလည်သူများကို ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေနှင့်လည်း မြို့နယ်တည်/ကော် စစ်ဆေးဆောင်ရွက် ရာတွင် အဖွဲ့များ အားလုံးပါဝင် စစ်ဆေးနိုင်အောင် အလေးထား ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ မိမိတို့ လက်အောက် ဝန်ထမ်းများကိုလည်း အလားတူ ကြပ်မတ် ကွပ်ကဲဆောင်ရွက်နိုင်ရန် လိုပါကြောင်း၊ မိမိ အနေနှင့် သံသယရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချက်ချင်း ကွင်းဆင်း စိစစ် ဆောင်ရွက် လျက်ရှိပြီး လိုအပ်သည်များ ကို ချက်ချင်းပြုပြင်ထိန်းသိမ်း ဆောင်ရွက်စေလျက်ရှိပါ ကြောင်း၊ မြို့နယ် တည်/ကော်များ၏ လုပ်ငန်းတာဝန်များ နှင့်စပ်လျဉ်း၍ အဓိက စစ်ဆေးသင့်သည့် အချက်များကို စိစစ်ဆောင်ရွက်တတ်ရန် လိုပါကြောင်း၊ QC အဖွဲ့များကို ငှားရမ်း မည်ဆိုပါကလည်း ၎င်းတို့အနေနှင့် မှန်မှန် ကန်ကန် စိစစ်ဆောင်ရွက်ခြင်း ရှိ/မရှိကို စိစစ်နိုင်ရမည် ဖြစ်ပါကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးများအနေနှင့် မိမိတို့မြို့နယ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အင်ဂျင်နီယာဆိုင်ရာ စိစစ်ဆောင်ရွက်မှု မှတ်တမ်းများကို စနစ်တကျ ထားရှိနိုင်ရမည် ဖြစ်ပါ ကြောင်း၊ ယင်းသို့မဟုတ်ပါက အားနည်းမှုများ ဖြစ်လာ မည်ဖြစ်ရာ ယင်းသို့မဖြစ်စေ ရေးအတွက် တက်ရောက် လာသူများအားလုံးက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးအကြံပြုကြစေလို ကြောင်းဖြင့် အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်တည်ဆောက်လုပ်ငန်းများ စိစစ်ရေး ကော်မတီ အတွင်းရေးမှူး လမ်းဦးစီးဌာနမှ ဆွေးနွေး တင်ပြရာ လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အချို့လုပ်ငန်းများအနေနှင့် ရေရှားပါးသည့် အခြေအနေ များကြောင့် လုပ်ငန်းများ အချိန်မီပြီးစီးမှု မရှိသည့် အခြေ အနေများကို စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းနောက် ပြည် နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တင်ပြရာ QC ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းပြီးစီး မှုကို ကနဦးစိစစ်ပါကြောင်း၊ မြို့နယ်တည် / ကော်များ အနေနှင့် လုပ်ငန်းတာဝန်များ များပြားသော်လည်း (၁)ပတ် (၂)ကြိမ် ဖြင့် တည်/ကော်အဖွဲ့များ စုစည်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အစီရင်ခံစာအဆင့်ဆင့် တင်ပြလျက်ရှိပါကြောင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးရန် အတွက် ဌာနနှင့် လုပ်ငန်းကုမ္ပဏီများ ညှိနှိုင်းအစည်း အဝေး ကို အခါ အားလျော်စွာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းအပြင် လုပ်ငန်းကုမ္ပဏီများအနေနှင့် လမ်းညွှန် ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန်မှုများ ခံယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့နောက် ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းပြီးစီးရမည့် ရာခိုင်နှုန်း ရှိ/မရှိ အသုံးပြုသည့် ပစ္စည်းများဖြင့် ဆောင်ရွက်မှုရှိ/မရှိများကို စိစစ်၍ ဆောင်ရွက်မှုများကို ဆုံးဖြတ် ပြီး ရန်ပုံငွေ ထုတ်ပေးနိုင်ရေး တင်ပြခြင်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လမ်းတိုးချဲ့ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်မီးတိုင်များ ရွှေ့ပြောင်းရန် ပါရှိပါက ယင်းအတွက် ရန်ပုံငွေကို ထည့်သွင်းလျာထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ လုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့မှ တည်/ကော်နှင့်စပ်လျဉ်း၍ ရေသန့်၊ မိလ္လာများကို စိစစ်တာဝန်ယူလျက်ရှိပြီး လမ်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ TTC လျာထားမြေနေရာတွင် တောင်သူ များမှ လာရောက်ကန့်ကွက်မှုများရှိနေပြီး မြေကြီး လုပ်ငန်း နှင့် မီးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိပါ ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်း များ စတင်စာချုပ်စဉ်ကပင် စတင် ဆောင်ရွက်ရန် တွန်း အားပေးလျက်ရှိပြီး အခါအားလျော်စွာ ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်၍ ရန်ပုံငွေထုတ်ပေးနိုင်ရေး အတွက် စနစ်တကျ စိစစ်ဆောင်ရွက်စေလျက်ရှိပါ ကြောင်း လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆွေးနွေး တင်ပြရာတွင် ခရိုင်တည်/ကော်အဖွဲ့တွင် လိုအပ်သည့် ဌာနများ ထည့်သွင်းဖွဲ့စည်းသွားမည့် အခြေအနေများ၊ စစ်ဆေးမှုများနှင့်ပတ်သက်၍ မှတ်တမ်း များကို အစိုးရ အဖွဲ့သို့ အချိန်နှင့်တပြေးညီ တင်ပြလျက်ရှိပြီး လုပ်ငန်း ဆောင်ရွက်မှုအနေနှင့် သီးခြားရုံးအဖွဲ့ ဖွဲ့စည်း၍ ဆောင် ရွက်နေမှုများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ မအား လပ်သည့် အချိန်တွင် ဒုခရိုင်/ဒုမြို့နယ်မှူးများဖြင့် စိစစ် ဆောင်ရွက်စေလျက်ရှိသည်များအား ရှင်းလင်းတင်ပြ ခြင်း၊ ခရိုင်လမ်းဦးစီးမှ တည်ကော်စစ်ဆေး ဆောင်ရွက် သည့် စစ်ဆေးချက်အခြေအနေမျာအား ရှင်းလင်းတင်ပြ ခြင်း၊ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည့် ဌာန ဆိုင်ရာများအား ခရိုင်တည်/ကော်တွင် ထည့်သွင်း ဖွဲ့စည်းလိုသည့်အခြေအနေများ၊ ခရိုင်တွင်း တည်ဆောက် ရေးလုပ်ငန်းများ စတင်မှုမရှိသည့် လုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာလျက်ရှိသည့် လုပ်ငန်းများ၏ အခြေအနေများအား လည်းကောင်း၊ ဘောလခဲခရိုင် တည်/ကော်အတွင်းရေးမှူးမှ လုပ်ငန်းများ ကွင်းဆင်းစိစစ်ဆောင်ရွက် သည့် အခြေအနေများနှင့် စိစစ်တွေ့ရှိချက်မျာအားလည်းကောင်း၊ ဘောလခဲခရိုင် လျှပ်စစ်အင်ဂျင်နီယာမှ ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိ သည့် လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်း ဆောင်ရွက်မှု များအား လည်းကောင်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက် ရေး လုပ်ငန်း များတွင် Estimate များအား ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များကို အကြံပြုခဲ့မှုများအား လည်းကောင်း၊ ခရိုင်အတွင်း ဓာတ်တိုင်များ ရွှေ့ပြောင်း ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရွှေ့ပြောင်းရာတွင် သက်ဆိုင်ရာဌာန များမှ ပေါင်းစပ်ဆောင်ရွက်ပေးရန် အခြေအနေများအား တင်ပြကြပါသည်။

မြို့နယ် တည်/ကော်များမှ တင်ပြရာ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းများ စိစစ် ကြပ်မတ်ဆောင် ရွက် လျက်ရှိသည့် အခြေအနေများ၊ သက်ဆိုင်ရာ တည်/ကော်အဖွဲ့များနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ လမ်းလုပ်ငန်းများကို စိစစ် ဆောင်ရွက်မှု အခြေအနေများ၊ လွိုင်ကော်မြို့နယ် စည်ပင် ကော်မတီမှ တင်ပြရာ လုပ်ငန်းများကွင်းဆင်း စိစစ်ရာ တွင် အားနည်းချက်၊ အားသာချက်များကို တွေ့မြင်ရသည့် အခြေအနေများ၊ လုပ်ငန်းကွင်းဆင်း ဆောင်ရွက်ရာတွင် မော်တော်ယာဉ်အခက်အခဲရှိသည့် အပေါ် ဖြေရှင်းပေးစေ လိုသည့် အခြေအနေများ၊ လွိုင်ကော်မြို့နယ် တည်/ကော် အတွင်းရေးမှူးက တင်ပြရာ လုပ်ငန်းစစ်ဆေးစဉ် အသေးစိတ်စိစစ်ပြီး လမ်းညွှန်မှာကြားမှုများ၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ် ရေးမှူးမှ မြို့နယ်တွင်း တည်/ကော် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်း များ ပြီးစီးအောင် ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ တွန်းအားပေးဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ တင်ပြခြင်း၊ ဒီးမော့ဆိုမြို့နယ် စည်ပင် ကော်မတီမှ တင်ပြရာ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ များချပေး၍ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ရှိပြီး တည်ဆောက် ရေး လုပ်ငန်းများအတွက် သတ်မှတ်ထား သည့် စံချိန်စံညွှန်း အတိုင်း အသုံးမပြု၍ စံချိန်မီအတိုင်း ဆောက်လုပ်စေလိုပါကြောင်း၊ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေး မှူးမှ တင်ပြရာ လုပ်ငန်းများစိစစ်ဆောင်ရွက် မှုများ၊ ရန်ပုံငွေ ခွင့်ပြုချထားပေးသည့် အခြေအနေများအား ရှင်းလင်း တင်ပြခြင်း၊ ဖရူဆိုမြို့နယ်လျှပ်စစ်မှ ငွေတောင်း လွှာများ တင်ပြခြင်းနှင့်ပတ်သက်၍ သုံးသပ်ချက်များ အကြံပြုချက်များအတိုင်း ဆောင်ရွက်သင့်ကြောင်း၊ ရှားတောမြို့နယ်အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းအား လုံး (၁၀၆)ခုရှိပြီး ယင်းလုပ်ငန်းများအပေါ် ကွင်းဆင်းစိစစ် ဆောင်ရွက်နေသည့် အခြေအနေများ၊ စိစစ်တွေ့ရှိချက် များအပေါ် လမ်းညွှန်ခဲ့မှုများ၊ အားစိုက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများနှင့် အချိန်မီဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူးမှ တည်/ကော် လုပ်ငန်း စိစစ်ဆောင်ရွက်မှုများ၊ တည်/ကော်အဖွဲ့ဝင်များ တိုးချဲ့ ဖွဲ့စည်း ဆောင်ရွက်လိုသည့် အခြေအနေများ၊ မြို့နယ်တွင်း ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေများဖြင့် လုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေများ၊ ဘောလခဲ မြို့နယ် လျှပ်စစ်မှ တင်ပြရာတွင် တည်/ကော် လုပ်ငန်း များ စိစစ်ရာတွင် ကောင်းမွန်စွာ စိစစ်ဆောင်ရွက်ရသည့် အခြေအနေများကို မတွေ့ရှိရ ကြောင်း၊ လိုအပ်သည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပြည့်စုံစွာထား ရှိသင့်ပါကြောင်း၊ ရေသန့်နှင့် လျှပ်စစ်အတွက် လိုအပ် သည့် Diagram များ ပါဝင်စေရေး ညွှန်ကြားပေးစေလို ကြောင်း၊ ဖားဆောင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ တည်/ကော်စိစစ်ရေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရန်ပုံငွေ ခွဲဝေချထားမှုများ၊ အဖွဲ့ဝင်ဖွဲ့စည်းထားရှိမှုများနှင့် သက် ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် များနှင့် ပေါင်းစပ် ဆောင်ရွက်မှုများ၊ ကုမ္ပဏီများကို လမ်းညွှန်မှာကြား လျက်ရှိသည့် အခြေအနေများ အား ရှင်းလင်းတင်ပြခြင်း၊ မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူးမှ တည်/ကော်ဖွဲ့စည်းမှု၊ လုပ်ငန်းရရှိမှုနှင့်ရန်ပုံငွေ ခွဲဝေရရှိမှုများ၊ လုပ်ငန်းများ စိစစ်ဆောင်ရွက်စဉ် တွေ့ရှိမှုများ၊ အချို့လုပ်ငန်းများ အနေနှင့် လုပ်ငန်းဆောင်ရွက်မှု ကောင်းမွန်မှုမရှိသည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်စဉ် ထည့်သွင်း အသုံးပြုသင့်သည့် ပစ္စည်းများမှန်ကန်စေရေး ကြပ်မတ် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ မယ်စဲ့မြို့နယ် တည်ကော်အဖွဲ့ဝင်မှ တည်ကော် စစ်ဆေးခြင်းအား အားစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မယ်စဲ့မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှ တည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် မြေပြင် အခြေအနေနှင့်ကိုက်ညီမှုရှိသည့် ထည့်သွင်းတွက်ချက်ရန် လိုအပ်သည့် အခြေအနေများ၊ အချို့လုပ်ငန်းစိစစ်ရာတွင် ပြုပြင်ဆောင်ရွက်သင့်သည့် အခြေအနေများအား ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ ရေရှားပါးသည့် အခြေအနေများကြောင့် တည်ဆောက် ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာ သည်မှာ မဖြစ်သင့် ပါကြောင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကြပ်မတ်နိုင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးထံသို့ အချိန်မီတင်ပြနိုင်ရမည်ဖြစ်ပါကြောင်း၊ အားနည်းချက်/အားသာချက်များ ကို ကြပ်မတ်နိုင်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အုတ်၊ သဲ၊ ကျောက်ကုန်ကြမ်းများ ရှားပါးသည့် ဒေသ များတွင် တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေး မှုများနှင့်စပ်လျဉ်း၍လည်း အလားတူ ကြပ်မတ် ဆောင် ရွက်ရန် လိုပါကြောင်း၊ ၎င်းတို့၏ လုပ်ငန်းပြီးစီးမှု အခြေ အနေကို မူတည်၍ ရန်ပုံငွေများကို ထုတ်ပေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ များအနေနှင့် လုပ်ငန်း များ မှန်မှန်ကန်ကန် ပြီးစီးမှု အတွက်ကိုလည်း ရန်ပုံငွေများ အချိန်မီ ရရှိအောင် ဆောင်ရွက်ပေးရန် ဌာနများတွင် တာဝန်ရှိပြီး အလေး ထား ဆောင်ရွက်ရန် ပြောလိုပါကြောင်း၊ ထို့အပြင် မြို့နယ်တည်/ကော်များအနေနှင့် မိမိတို့၏ စိစစ်ဆောင် ရွက် ရမည့်လုပ်ငန်းများကို အချိန်ဇယားများ ရေးဆွဲ၍ စိစစ်ဆောင်ရွက်ရန် ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ဝေးလံ သည့် ဒေသများ၊ သံသယရှိနိုင်သည့် ဒေသများကို အလေး ထား စိစစ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ် အတွင်း ရှိ လုပ်ငန်းများနှင့်စပ်လျဉ်း၍ မပြီးနိုင်ဟု ယူဆ ထားသည့် လုပ်ငန်းများရှိပါက ယခုကတည်းက ကြိုတင် တင်ပြကြရန် ပြောလိုပါကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ လုပ်ငန်းပြီး စီးမှု မရှိသည့် အခြေအနေများ မတွေ့မြင်ရပါကြောင်း၊ အဓိကအချက်မှာ အခြားသော ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် ဓာတ်တိုင် ရွှေ့ပြောင်းခြင်းများနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန် ပူးပေါင်း ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဌာနများ အနေနှင့် လုပ်ငန်းများ ရန်ပုံငွေလျာထားရာတွင် ထည့် သွင်းဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ရန်ပုံငွေ များကို စိစစ်ထည့်သွင်းလျာထားရန် ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ လမ်းလုပ်ငန်းနှင့် လျှပ်စစ်မီး လုပ်ငန်းများ ကြ့န်ကြာနေမှု နှင့်စပ်လျဉ်း၍ သတ်မှတ် ထားသည့် ဥပဒေ၊ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဘောလခဲခရိုင်အတွင်း လုပ်ငန်းစတင်မှုမရှိသည့် လုပ်ငန်း များနှင့် နှောင့်နှေးကြန့်ကြာနေသည့် လုပ်ငန်းများ (၁) ပတ် အတွင်း ဆောင်ရွက်ရန် လမ်းညွှန်ရန်ဖြစ် ပါကြောင်း၊ မြို့နယ် တည်/ကော်များအနေနှင့် အဓိက တာဝန်ရှိပါကြောင်း၊ မိမိတို့၏ တာဝန်ရှိသည့်အလျောက် လုပ်ပိုင်ခွင့်များကို အသုံးပြုရန် ဖြစ်ပါကြောင်း၊ ထောက်ခံ တင်ပြရာတွင်လည်း အမှန်တကယ် ထောက်ခံ သင့်မှသာ လျှင် တင်ပြကြရန် ဖြစ်ပါကြောင်း၊ တင်ပြချက်များအပေါ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးမှ လုပ်ငန်း များစိစစ်ရာတွင် မြို့နယ်တည်/ကော် များက အခြေခံ အကျဆုံးဖြစ်ပြီး အချိန်ပေး၍ ကြပ်မတ်ပေးစေလိုပါ ကြောင်း၊ စိစစ်ထားရှိမှု အထောက် အထားများကိုလည်း ထားရှိရန်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှုတင်ပြရာတွင် လည်း အပြည့်အစုံတင်ပြရန် အလေးထား ပြောလိုပါကြောင်း၊ စစ်ဆေးရာတွင် အဓိကအနေနှင့် စံချိန်စံညွှန်း ပြည့်မီခြင်း ရှိ/မရှိ စိစစ်ရန်နှင့် သတ်မှတ်ချိန်ပြီးစီးမှု ရှိ/ မရှိကို စိစစ် ရန်ဖြစ်ပါကြောင်း၊ အဆောက်အအုံ လုပ်ငန်းများတွင် လည်း အလားတူ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် ဖြစ်ပါ ကြောင်း၊ ထို့အပြင် အပြီးသတ်အပိုင်းများ စစ်ဆေးရာ တွင် မျက်မြင်ကို စိစစ်ဆောင်ရွက်ရန် လိုပါကြောင်း၊ မြို့နယ် တည်/ကော် အဖွဲ့ဝင် စည်ပင်သာယာရေး ကော်မတီဝင်များအနေနှင့် လိုအပ်သည်များ၊ တွေ့ရှိချက် များကို တင်ပြအကြံပြု ပေးစေလိုပါကြောင်း၊ ထို့အပြင် လမ်းလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်စဉ် ဓာတ်တိုင်များ ရွှေ့ပြောင်း ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လမ်းဆောင် ရွက်မည့် ဌာနမှ ယင်းဓာတ်တိုင်များ ရွှေ့ပြောင်းရေး အတွက် ရန်ပုံငွေများကို တပါတည်းလျာထားတင်ပြရန် ဖြစ်ပါကြောင်း၊ ထို့အပြင် ပညာရေးကောလိပ် လျာထား မြေနေရာတွင် လမ်း၊ မီး၊ ရေ ရရှိရေးလုပ်ငန်းများအတွက် ကွင်းဆင်းစိစစ်၍ ရန်ပုံငွေများ လျာထားဆောင်ရွက် ပေးခဲ့ပြီး ယခုဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်း၍ မရနိုင်ပါက ဥပဒေကြောင်း အရသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဖြင့် အကြံပြု ဆွေးနွေးတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးတို့မှ မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ် သည်များ ဖြည့်စွက်အကြုံ ဆွေးနွေးခဲ့ကြပါသည်။

ပြည်နယ်ဥပဒေချုပ်မှ ဌာနနှင့် ကုမ္ပဏီများအကြား လုပ် ငန်းစာချုပ်ချုပ်ဆို ဆောင်ရွက်ရာတွင် နှစ်ဦးသဘော တူညီ ထားသည့်အတိုင်း ချုပ်ဆိုဆောင်ရွက်ကြခြင်း ဖြစ်ပြီး လတ်တလောတွင် စာချုပ် နှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်မှု မတွေ့ရှိရပါကြောင်း၊ စာချုပ်များစိစစ်ရန် အတွက် ပေးပို့ရာတွင် လုပ်ငန်း အောင်မြင်မှုအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်၍ မျှတမှန်ကန်မှုရှိသည့် စာချုပ်များဖြစ်အောင် စိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တွင် စာချုပ် များပေးပို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဥပဒေ အရာရှိ ထံသို့ စနစ်တကျ ပေးပို့ဆောင်ရွက်ပေးရန်ဖြစ်ပြီး စာချုပ်၏ သဘောသဘာဝအရ စာချုပ်ပါအချက်များ အပေါ် ဖောက်ဖျက်မှုအပေါ် အရေးယူဆောင်ရွက်ခြင်း ဖြစ်၍ ယင်းအတွက် အလေးထားဆောင်ရွက်ကြရန် အကြံပြုလိုပါကြောင်း၊ ထို့အပြင် ဌာနများအနေနှင့် ပိုင်ခွင့်များရှိပြီး လုပ်ငန်းဆောင်ရွက်မှုများအတွက် ဟန့်တား နှောင့်ယှက်မှုများကို ပိုင်ခွင့်ကို အပြည့်အဝ အသုံးချနိုင်ရန် အကြံပြုလိုပါကြောင်းဖြင့် တင်ပြခဲ့ကြ ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေး သည်များစွာ အကျိုးရှိပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် တည်/ကော်များမှ မြေပြင်အခြေအနေမှန်များကို စိစစ်တင်ပြနိုင်ခဲ့ပါကြောင်း၊ အားနည်းချက်များကို သိမြင် ခဲ့ပြီး မြေပြင်ကွင်းဆင်းစိစစ်မှုနှင့် ဒီဇိုင်းများကို မစိစစ်နိုင် ခဲ့ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ အားသည် အဓိကကျပါကြောင်း၊ မြေပြင်ကွင်းဆင်းစိစစ်မှုကို အဓိက ဆောင်ရွက်ပေးစေလို ပါကြောင်း၊ မိမိတို့အနေနှင့် မြေပြင် ကွင်းဆင်းမှုများကို စနစ်တကျမဆောင်ရွက်နိုင်သည့် အခြေအနေများကြောင့်ဖြစ်ပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီမှု နည်းပါးခဲ့ပါကြောင်း၊ မိမိအနေနှင့် ကွင်းဆင်း ရန် အလေးထားမှာကြားခဲ့ပြီး အသေးစိတ်တွက်ချက်၍ ရန်ပုံငွေများ လျာထားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိ၍ ယခုလိုအခြေအနေများ ဖြစ် ပေါ်လာရ ခြင်းဖြစ်ပါကြောင်း၊ ယင်းအားနည်းချက်များကို ပြင်ဆင်ကြရန်လိုပြီး အားလုံး ပူးပေါင်းဆောင်ရွက်မှ သာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် တာဝန်ရှိသည့်အလျောက် ဆောင်ရွက်ကြရန်လိုပါ ကြောင်း၊ မြေပြင်အခြေအနေတွင် ပူးပေါင်းဆောင်ရွက်ရာ တွင် အခက်အခဲ များစွာရှိနိုင်မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင် နိုင်သည်များကို ပြင်ဆင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ တည်ကော်လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိအခြေ အနေကို သိမြင်နေပြီဖြစ်၍ ဆောင်ရွက်ရန် လိုအပ်သည် များကို သိမြင်နေပြီဖြစ်ပါကြောင်း၊ ယင်းအတွက် မြို့နယ် အုပ်ချုပ်ရေးမှူးများတွင် အစီအမံများ ရှိနေရန်လိုအပ်ပါ ကြောင်း၊ အားနည်းချက်များကို ပြုပြင်နိုင်ရန်အတွက် ကြိုးပမ်းကြရ မည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ၎င်းတို့က အသိပင်ဖြစ်ပါကြောင်း၊ ယင်းတို့အတွက် အင်အားဖြစ်စေရေ တင်ပြပူးပေါင်းခွင့်များကို အပြည့်အဝ ပေးထားပါကြောင်း၊ မြို့နယ်အဆင့်တာဝန်ရှိသူများကို လုပ်ပိုင်ခွင့်များ ပေးရန် လိုပါကြောင်း၊ သို့မှသာ ၎င်းတို့ အနေနှင့် လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးပြုနိုင်မည် ဖြစ်ပြီး လုပ်ပိုင်ခွင့်ရှိသည့်အတိုင်း ဆောင်ရွက်တတ်ရန် လမ်းညွှန်ရမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ထုတ်ယူခွင့် တင်ပြခြင်းများနှင့် ပတ်သက်၍ မိမိတို့အနေနှင့်လည်း မျှမျှတတဖြင့် ဆောင်ရွက်ပေးနိုင်ရန် လိုပါကြောင်း၊ မိမိတို့ အတ္တ များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်များဖြင့် လုပ်ငန်းများကို မဆောင်ရွက်မိရန် သတိချပ်စေလိုပါ ကြောင်း၊ မပြည့်စုံသည့် တင်ပြမှုမျိုးကို မဆောင်ရွက် ကြရန်လိုပါကြောင်း၊ တင်ပြရာတွင်လည်း အချက် အလက်များ ပြည့်စုံစွာဖြင့် တင်ပြနိုင်ရန် လိုပြီး တင်ပြ ရာတွင် လုပ်ငန်းဆိုင်ရာအချက်အလက် များကို ပြည့်စုံစွာ တင်ပြရန် ဖြစ်ပါကြောင်း၊ တည်ကော်အဖွဲ့များအနေနှင့် ကွင်းဆင်းဆောင်ရွက်စဉ် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေး မှူးများ၏ ဆောင် ရွက်နိုင်မှုအပေါ်တွင် မူတည်ပါ ကြောင်း၊ တည်ကော်အဖွဲ့များ ကွင်းဆင်းဆောင်ရွက် နိုင်ရန် အတွက် လိုအပ်သည်များကို ပံ့ပိုးပေးရမည်ဖြစ် ပါကြောင်း၊ ရန်ပုံငွေများ ထုတ်ပေးရာတွင်လည်း လုပ်ငန်း ပြီးစီးမှု ရာခိုင်နှုန်းများအလိုက် အချိန်မီထုတ်ပေးနိုင်ရေး ဌာနအကြီးအကဲများက အလေးထား ဆောင်ရွက်ပေးရန် လိုပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေး အောင်မြင် စွာ ပြီးမြောက်ခဲ့ပါသည်။