မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဝန်ထမ်းများ အား ပြည်နယ်ဝန်ကြီးချုပ်မှ မိတ်ဆုံ ညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံ

12-3-2020-2 1

12-3-2020-2 2

12-3-2020-2 3

(၂၀၂၀ မတ် ၁၂)

ကယားပြည်နယ်သို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိ လာသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဝန်ထမ်းများအား ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ (၁၂.၃.၂၀၂၀)ရက်နေ့ (၀၆၃၀)နာရီအချိန်တွင် လွိုင်ကော် မြို့၊ ရတနာမယ် စားဥယျာဉ်၌ ဒေသထွက် ရိုးရာ အစား အစာများဖြင့် မိတ်ဆုံညစာအား တည်ခင်းဧည့်ခံခဲ့ပါ သည်။

ညစာစားပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်မှ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရုံးဝန်ထမ်းများနှင့် ခရီးစဉ် လိုက်ပါ လာသည့် အဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။