ဂိုဏ်းအုပ်ဆရာတော်(ငြိမ်း) ဆရာတော် ဆိုတေးရို ဖားမောမှ မိတ်ဆုံညစာဖြင့် တည်ခင်းဧည့်ခံ

12-3-2020-1 1

12-3-2020-1 2

12-3-2020-1 3

(၂၀၂၀ မတ် ၁၂)

လွိုင်ကော်ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် (ငြိမ်း)ဆရာတော် ဆိုတေးရိုဖားမောမှ ကျေးဇူးတော်အား ချီးမွမ်းခြင်းအထိမ်းအမှတ် မိတ်ဆုံညစာ စားပွဲ အခမ်း အနားအား (၁၂.၃.၂၀၂၀)ရက်နေ့ (၁၇:၀၀)နာရီအချိန် ဆရာတော်ဆိုတေးရိုဖားမော၏ နေအိမ်၌ကျင်းပပြုလုပ်ခဲ့ ပါသည်။

မိတ်ဆုံညစာစားပွဲသို့ ဆရာတော် ဆိုတေးရိုဖားမော၊ လွိုင်ကော်ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် စတီဖင်တေးဖဲ၊ ဖာသာဘရွှေ၊ ဖာသာချားလ်စ်ဘို၊ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ ဆရာတော် ဆိုတေးရိုဖားမောက နှုတ်ခွန်း ဆက် စကားပြောကြားခြင်း၊ ဆရာတော် စတီဖင်တေးဖဲ က နှုတ်ဆက်စကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နှုတ်ခွန်းဆက် စကားပြောကြားရာ တွင် ယခုကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာန အကြီးအကဲများအား ဖိတ်ကြား၍ မိတ်ဆုံညစာဖြင့် တည်ခင်းဧည့်ခံသည့် ဆရာတော်နှင့် ဆရာတော်များ၊ ကိုယ်တော်များ ကို ကျေးဇူးဥပကာယတင်ရှိပြီး ကြွရောက်လာသည့် ဆရာတော်များနှင့် ကိုယ်တော်များ၊ ကြွရောက်လာသည့် ဧည့်သည်တော်များအားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ ဆရာတော်ကြီး အနေနှင့် ပြည်နယ်၏ ငြိမ်းချမ်းရေးကဏ္ဍတွင် အစဉ် တစိုက်ကြိုးပမ်းခဲ့သည့် ငြိမ်းချမ်း ရေးခေါင်းဆောင်ကြီး အဖြစ် မှတ်ယူပြီး ပြည်သူများ၏ ရင်တွင်လည်း အသိ အမှတ်ပြုနေဆဲဖြစ်ပါ ကြောင်း၊ နောင်သားများအတွက် အမွေကောင်းပေးနိုင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါ ကြောင်း၊ ထို့အပြင် ဆရာတော်ကြီး၏ အိမ်ရှေ့တွင် ဖြတ်သန်းဖောက်လုပ်ထားသည့် နေသည့် ရေယို-နိုးကိုး ကျေးရွာချင်းဆက်လမ်းနှင့်စပ်လျဉ်း၍လည်း မူဝါဒများ နှင့်အညီ ကြိုးပမ်း၍ ဆောင်ရွက်နေသည့် လမ်းတစ်လမ်း ဖြစ်ပြီး အများပြည်သူအတွက် များစွာ အကျိုးဖြစ်ထွန်း မည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ဆောင်ရွက်နေသည့် ဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ အားလုံးကို လည်း ဖိတ်ကြား၍ ယခုလို မိတ်ဆုံညစာဖြင့် တည်ခင်း ပေးခဲ့သည့် ဆရာတော်နှင့်တကွ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်များတွင်လည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အလေး ထား ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းဖြင့် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။

ယင်းနောက် ဆရာတော် ချားလ်စ်ဘိုမှ မိတ်ဆုံညစာ တည်ခင်းခြင်းအတွက်ဆုမွန်တောင်းခြင်းများ ဆောင်ရွက် ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။