ဖားဆောင်းမြို့နယ် လူထုတွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန် ပေးအပ်ပွဲ ပြုလုပ်

3-3-2020-11 1

3-3-2020-11 2

3-3-2020-11 3

(၂၀၂၀ မတ် ၂)
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များအပေါ် တတ်စွမ်း သည့်ကဏ္ဍများအလိုက် ဖြည့်ဆည်းပေးနိုင်ရေး လူထုတွေ့ဆုံပွဲများပြုလုပ်၍ ဖြည့်ဆည်းပေးလျက်ရှိ ပြီး ပြည်သူများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ရရှိစေရေးအတွက် မြို့မြေငှား ဂရန်များအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြု ချထား ပေးလျက်ရှိရာ ဖားဆောင်း မြို့ဒေသခံ ပြည်သူ များတွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနား အား (၂.၃.၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန် ဖားဆောင်း မြို့နယ်၊ ဖားစည်သံလွင် ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖားဆောင်းမြို့မှ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ မြေငှားဂရန်နှင့် လျှောက်ထားသူများနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများအနေနှင့် တင်ပြလိုသည်များကို တင်ပြ ပေးရန်ဖြစ်ပြီး အခမ်းအနား သို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများစုံလင်စွာ ပါဝင်လာ၍ ဒေသ ဖွံ့ဖြိုးရေးအတွက် တင်ပြပေးစေလိုပါကြောင်းဖြင့် အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဖားဆောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တင်ပြရာ တောင်ပိုင်းရပ်ကွက်၊ နန်းဟူးကုန်း သည် မြေငှားဂရန် ပေးအပ်ရာတွင်မပါရှိပါကြောင်း၊ ယင်း နေရာတွင် လမ်းမြေသတ်မှတ် ချက်နှင့် ညီညွတ်မှုမရှိ၍ မပြုလုပ်ပေးနိုင်ကြောင်းသိရ၍ လမ်းဧရိယာ သတ်မှတ် ချက်များ ဖြေလျှော့ ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊ ဝမ်အောင်းကျေးရွာမှ တင်ပြရာတွင် ဝမ်အောင်ကျေးရွာ အလက(ခွဲ)စာသင်ကျောင်း ခြံစည်းရိုး ပေ(၁၇၀၀)ခန့် လိုအပ်နေပြီး ကျေးရွာလူငယ်မောင်မယ်များ အသုံးပြု နေသည့် အသံချဲ့စက်များ ပျက်စီးနေသဖြင့် ကူညီပေးစေ လိုပါကြောင်းအသီးသီးတင်ပြခဲ့ကြပါသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိ သူများက ကဏ္ဍအလိုက်ရှင်းလင်း ဖြေကြားခဲ့ပြီး ပြည် နယ်ဝန်ကြီးချုပ်မှ ဝမ်အောင်းကျေးရွာ လူငယ်များ အသုံး ပြုသည့် အသံချဲ့စက် ပြုပြင် ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၁)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ ဖောင်းဆောင်းမြို့မှ မြို့မြေငှားဂရန် လူနေထိုင်အသုံးပြု ရန် လျှောက်ထားသူ (၁၃ဝ)ဦးနှင့် စက်မှုမြေငှားဂရန် အသုံးပြုလျှောက်ထားသူ (၁)ဦး စုစုပေါင်း (၁၃၁)ဦးတို့ အား မြို့မြေငှားဂရန်များပေးအပ်ခြင်း၊ ဖားဆောင်းမြို့ ဒေသခံပြည်သူ များ ကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူး တင်စကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်း အနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။