ဖားဆောင်းမြို့နယ် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ ဖွင့်လှစ်

3-3-2020-10 1

3-3-2020-10 23-3-2020-10 3

(၂၀၂၀ မတ် ၂)
ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအား အချိန်နှင့်တပြေးညီ ကုသ ဆောင်ရွက် ပေးနိုင်ရေးအတွက် ရန်ပုံငွေကျပ် (၂၈၉.၆) သန်းဖြင့် တည်ဆောက်ခဲ့သည့်ဖားဆောင်းမြို့နယ် (၂၅) ကုတင်ဆံ့ ပြည်သူ့ဆေးရုံ ဆေးကုသဆောင်အား သတ် မှတ် စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ရာ အဆိုပါတိုးချဲ့(၂၅)ကုတင်ဆံ့ ဆေးကုသ ဆောင် ဖွင့်ပွဲ အခမ်းအနားအား (၂.၃.၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန် ဖားဆောင်း မြို့နယ် ပြည်သူ့ဆေးရုံ ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဖားဆောင်းမြို့နယ်မှ မြို့မိမြို့ဖ များနှင့် တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုများ စုံလင် စွာတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ ဖားဆောင်းမြို့နယ် (၂၅)ကုတင်ဆံ့ ဆေးရုံ ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသည့် တာဝန်ရှိသူများ၊ စိတ်ရောကိုယ်ပါချမ်းသာကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း၊ ဖွင့်ပွဲအခမ်းအနားပြုလုပ် ခြင်းသည် အချိန်အနည်းငယ်လွန်သွားသော်လည်း ကောင်းမွန်ခြင်း ကို ဆောင်ရွက်ခြင်းသည် မင်္ဂလာအချိန်ဖြစ်၍ ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း၊ ယခုလို ဖွင့်ပွဲ အခမ်းအနားပြုလုပ် ရသည့် ရည်ရွယ်ချက်အနေနှင့် ပြည်သူများ၏ အောင်မြင် မှုဖြစ်ပြီး ပြည်သူများ တောင်းဆိုသည့် အချက်များ ကြောင့် အရည်အသွေးပြည့်မီသည့် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံကို ကြိုးပမ်းပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူ များအနေနှင့် မိမိတို့၏ တင်ပြမှုများကြောင့် ယခုလို ဆေးရုံကြီးအား ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ က ပထမ၊ ကျန်းမာရေးဝန်ထမ်းများက ဒုတိယဖြစ်ပြီး အစိုးရအနေနှင့် တတိယနေရာတွင် ပူးပေါင်းရသူများ ဖြစ်ပါကြောင်း၊ ပြည်သူများက လိုလားစွာဖြင့် ခံယူချက် ကောင်းများဖြင့် ယခုလိုအခမ်းအနားတစ်ရပ်အား အောင်မြင် အောင် ပူးပေါင်း ဖော်ဆောင်ပေးခဲ့ကြသူများ၊ အလှူရှင် စေတနာရှင်များကို ကျေးဇူးအထူးတင်ရှိ ပါကြောင်း၊ အခမ်းအနား တစ်ခုကို ဆောင်ရွက်ရာတွင် မလွယ်ကူပါကြောင်း၊ အပင်ပန်းခံမှုများ၊ စိတ်ရင်း စေတနာမှန်များဖြင့်သာ ဆောင်ရွက်ရခြင်း ဖြစ်ပါ ကြောင်း၊ ဖားဆောင်းမြို့နယ် အနီးဝန်းကျင်ရှိ ကျေးရွာမှ အားကိုးအားထား ပြုရသည့် ဆေးရုံတစ်ရုံဖြစ်ပြီး ဆေးရုံ အုပ်ကြီးမှ အကောင်းဆုံးသော ဝန်ဆောင်မှုများဖြင့် ကုသပေး သည့် သတင်းကောင်းများကို ကြားသိရ၍ ဝမ်းမြောက်မိပြီး အသိအမှတ်ပြု မှတ်တမ်းတင်ပြောလိုပါ ကြောင်း၊ မိမိတို့ပြည်နယ်ပြည်သူ့ဆေးရုံကြီးအနေနှင့် တစ်နိုင်ငံလုံးတွင် လူနာများအပေါ် ဝန်ဆောင်မှု ပထမဆု ကို ရရှိထားပါကြောင်း၊ ဆေးရုံဝန်ထမ်းများ၏ စေတနာ များနှင့် ဝိုင်းဝန်းဆောင်ရွက်မှု၊ ဝန်ထမ်းများ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မှုများကြောင့်ဖြစ်ပြီး အစဉ် အလာကောင်းများကို အားလုံးက ထိန်းသိမ်းကြရန် ဖြစ်ပြီး ပြည်သူများကလည်း တတ်နိုင်သည့် ကဏ္ဍများမှ နေ၍ ဝိုင်းဝန်း ပူးပေါင်းကြစေလိုပါကြောင်း၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် ကဏ္ဍတွင် ကျေးလက်ဒေသများ၌ လိုအပ်ချက်များ ရှိကောင်းရှိနေမည်ဖြစ်ရာ ယင်းအချက် များကို အချိန်မီ စီမံဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ အောက်ခြေဝန်ထမ်းများအနေနှင့် လိုအပ်ချက်အနည်းငယ်သာ ရှိသော်လည်း ဆရာဝန်များ ပိုမိုလိုအပ်နေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အချိန်မီ ရရှိသွားအောင် စီမံတင်ပြလျက်ရှိပါကြောင်း၊ ယင်း အခြေ အနေများကိုလည်း အားလုံးမှ သိရှိစေလိုပါကြောင်း၊ (၂၅) ကုတင်ဆံ့ဆေးရုံကြီးကို ဖားဆောင်းမြို့နယ် ပြည်သူများ အားလုံးမှ ယုံကြည်စိတ်ချစွာ အားကိုး အားထားပြုပြီး ဆရာ၊ ဆရာမများကလည်း အကောင်းဆုံး ဝန်ဆောင်မှု များ ပေးစေလိုသည်ဖြစ်ရာ အားလုံးမှ ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အဖွင့်အမှာ စကားပြောကြား ခဲ့ပါသည်။
ယင်းနောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှူး ဒေါက်တာဌေးလွင်က (၂၅)ကုတင်ဆံ့ မြို့နယ် ပြည်သူ့ဆေးရုံတည်ဆောက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဖားဆောင်းမြို့နယ် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အချက် အလက် များအား ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးက လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ ရိုးရာဗုံအဖွဲ့(၄)ဖွဲ့တို့အား ဂုဏ်ပြုဆုငွေကျပ်(၄)သိန်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဖားဆောင်းမြို့နယ် ဒေသခံများကိုယ်စား မြို့မိမြို့ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ဖားဆောင်းမြို့နယ် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံအဆောက်အအုံသစ်အား ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးရန်နိုင်ဆွေ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်း များ ဆောင်ရွက်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ ဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာပြီးမြောက် ခဲ့ပါသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများ သည် ဖားဆောင်းမြို့နယ် (၂၅)ကုတင်ဆံ့ ဆေးရုံ အဆောက် အအုံတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံသို့တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား အားပေးစကားများ ပြောကြားခဲ့ပြီး အာဟာရ အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။