မော်ချီးဒေသမှ ပြည်သူများနှင့် ပြည်နယ် ဝန်ကြီးချုပ် တွေ့ဆုံ

3-3-2020-9 1

3-3-2020-9 2

3-3-2020-9 3

(၂၀၂၀ မတ် ၂)
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၏ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက် ပေးရန် အချက်များအပေါ် တတ်စွမ်းသည့် ကဏ္ဍများ အလိုက် ဖြည့်ဆည်းပေးနိုင်ရေး လူထုတွေ့ဆုံပွဲများ ပြုလုပ်၍ ဖြည့်ဆည်းပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရ အဖွဲ့နှင့် မော်ချီးဒေသရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား (၁.၃.၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန် ကျင်းပပြုလုပ်ခဲ့ ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မော်ချီးကျေးရွာအုပ်စုမှ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲအခမ်းနား သို့ ကြွရောက်လာသည့် တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မော်ချီးဒေသမှ တိုင်းရင်းသား မိဘ ပြည်သူ ညီအစ်ကို မောင်နှမများ အားလုံး နှလုံး စိတ်ဝမ်း အေးချမ်းပြီး မင်္ဂလာအပေါင်းနှင့်၊ ပြည့်စုံပါစေကြောင်း၊ လိုခါးလိုကျေးရွာအုပ်စုဒေသခံများမှ အတိုင်းအတာတစ်ခု အထိ တက်ရောက်လာသည်ကို တွေ့မြင်ရပြီး တင်ပြသင့် သည်များကို တင်ပြခွင့်ရနိုင်မည်ဖြစ်ပြီး မှန်ကန်ရဲရင့်စွာ ဖြင့် အပြုသဘောဖြင့် တင်ပြပေးစေ လိုပါကြောင်း ပြောကြားခဲ့ပါသည်။
မော်ချီးဒေသတွင် ဆောင်ရွက်ပေးရန် အချက်များစွာရှိပြီး စီမံကိန်း ဒေသဖြစ်ခြင်း၊ တောတောင်ထူထပ်သည့် ဒေသ ဖြစ်ခြင်း စသည့် အခြေအနေများကြောင့် အချိန်ယူ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေနှင့် အကောင်းဆုံး စီမံပေးနိုင်အောင် ကြိုးပမ်း ပေးသွားမည်ဖြစ်ရာ တက်ရောက်လာသည့် ပြည်သူများ အနေနှင့် မိမိတို့ ဒေသအတွက် လိုအပ်သည် များ၊ ဖြည့်ဆည်းပေးရန်အချက်များကို တင်ပြပေးစေလို ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ တင်ပြရာတွင် ခန်းမဆောင်အနေနှင့် ထိုင်ခုံများ လိုအပ် နေ၍ ပံ့ပိုးပေးစေလိုပြီး ခန်းမဆောင် ခြံစည်းရိုးကာရံရန် လိုအပ်သဖြင့် ပံ့ပိုးပေးစေ လိုပါကြောင်း၊ ထို့အပြင် ခန်းမ ဆောင်အတွင်း ဆောင်းဘောက်စ်များတပ်ဆင်လို၍ ဖြည့်ဆည်းပေး စေ လိုပါကြောင်း၊ မော်ချီးအောက်ရွာ အထက်တန်းကျောင်းမှ ဘီသူကွေ့ လမ်းခွဲတစ်လျှောက် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး (၁၆)ကုန်း အရှေ့ဘက်ကွေ့နှင့် ဆေးရုံဟောင်း အရှေ့ဖက်နေရာတွင် မြေထိန်း နံရံလိုအပ် နေ၍ ဆောင်ရွက်ပေးစေလိုပြီး ဇီးပင်ကွေ့နှင့် မော်ချီး အောက်ရွာ အထက်တန်းကျောင်းအထိ ပေ(၆၀၀)အား ကွန်ကရစ်ခင်းပြီး ကျန်ရှိပေ(၄၂၀၀)အား ကွန်ကရစ်(သို့) ကတ္တရာလမ်းခင်းပေး စေလိုပါ ကြောင်း၊ မော်ချီးဒေသ လုပ်ငန်းခွင်အန္တရာယ်မကြာခဏ တွေ့ရတတ်၍ ဆေးရုံ သို့ တက်ရောက်ကုသရာတွင် အခက်အခဲရှိ၍ လိုခါးလို တိုက်နယ်ဆေးရုံအတွက် လူနာတင်ယာဉ် တစ်စီးပံ့ပိုး ပေးစေလိုပြီး အုပ်ချုပ်ရေးမှူးရုံး မရှိသဖြင့် ဆောက်လုပ် ပေးစေလိုကြောင်း၊ လိုခါးလို အထက(ခွဲ)ကျောင်းမှ ပြည်ထောင်စုလမ်းအထိ လမ်းလုပ်ငန်း ဆောင်ရွက်ပေး စေလိုပါကြောင်း တင်ပြကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုလမ်းမမှ လိုခါးလို ကွက် သစ်ကျောင်း အထိ - လိုခါးလိုကွက်သစ်ကျောင်းမှ အထက(ခွဲ)ကျောင်းအထိ ကျောက်ကြမ်းလမ်းအား မိုးကာလ လမ်းပျက်စီးမှုများ ဖြစ်၍ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုကြောင်း၊ မော်ချီး အောက်ရွာအတွက် ခန်းမဆောင်လိုအပ်နေ၍ ခန်းမ ဆောင် ဆောင်ရွက်ပေးစေလိုပြီး နာရေး ကူညီမှုအတွက် မော်တော်ယာဉ်(၁)စီး ပံ့ပိုးပေးစေလိုပါကြောင်း၊ မူကြို ကျောင်း တိုးချဲ့ဆောက်လုပ် လို၍ ပံ့ပိုးပေးစေလိုပြီး၊ ဆေးကုသမှုခံယူရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိ၍ ကျေးလက်ကျန်းမာရေးဌာန ဆောင်ရွက်ပေးစေလို ကြောင်း၊ ထို့အပြင် ရွာချင်းဆက်လမ်းများ ကောင်းမွန်မှု မရှိသဖြင့် လမ်းအဆင့် မြှင့်တင် ခင်းပေစေလိုပါကြောင်း၊ ကွယ်သူဒိုးအုပ်စုတွင်း လမ်းပန်းဆက်သွယ်ရေးများအား သွားလာရခက်ခဲ နေ၍ ဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာရေးကဏ္ဍတွင် ကျောင်းတိုးချဲ့ရေး၊ အိမ်သာဆောင် ရွက်ပေး ရန်နှင့် ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာများ ဆောင်ရွက်ပေးစေလိုကြောင်း၊ အုပ်စုအုပ်ချုပ်ရေးမှူးရုံး (၁)လုံး ဆောက်လုပ်ပေးစေလိုပါကြောင်း၊ လိုခါးလို ကျေးရွာ တိုးချဲ့ရပ်ကွက်များနှင့်ပတ်သက်၍ အောင်ချမ်း သာ ရပ်ကွက် မိမိတို့ လိုခါးလိုကွက်သစ်မှ အောင်ချမ်းသာ သို့ အမည်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပြည်ထဲရေး အမည်ပေါက် ဟုတ်/မဟုတ် စိစစ်ပေးစေလိုပါကြောင်း၊ ထို့အပြင် လိုခါးလိုကွက်သစ်အတွင်းရှိ လမ်း(၂)ဖာလုံခန့် ကိုလည်းပြုပြင် ထိန်းသိမ်းဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ မော်ချီး-ကွယ်သူဒိုး ဆက်သွယ်သည့် လမ်းအား ဖောက်လုပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လိုခါးလို ကွက်သစ်(ခ) အောင်ချမ်းသာရပ်ကွက်တွင် အရက်ဆိုင် များ များစွာရှိနေပြီး တရားမဝင်ဆိုင်များကို စည်းမျဉ်းများ နှင့်အညီဆောင်ရွက်ပေး စေလိုပြီး မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ မော်ချီးတောင် မြေပြိုမှုဖြစ်စဉ်များ မိုးရာသီတွင် ဖြစ်ပေါ်လျက်ရှိပြီး ပေါင်မုန့်တုံးအောက်ဖက်တွင် ကမ်းပါး ပြိုကျမှုများအား မဖြစ်ပေါ် စေရန် ကူညီပေးစေလိုပါ ကြောင်း၊ လိုခါးလို အထက(ခွဲ)ကျောင်း ဆောင်များ ဆောက်လုပ်ရာတွင် ကမ်းပါးနံရံများထည့်သွင်း ဆောက်လုပ်ရမည်ဖြစ်ပြီး သတ်မှတ် အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရေး ကူညီပေးစေလိုပါကြောင်း၊ လိုခါးလို တိုက်နယ်ဆေးရုံ အတွက် လူနာတင်ယာဉ် လိုအပ်ပြီး အမှိုက်မီးရှို့မှုနှင့်စပ်လျဉ်း၍ အမှိုက်ကား တစ်စီးလိုအပ်နေပါ ကြောင်း၊ ဆေးရုံအဝင်လမ်းမှ အထကကျောင်းအထိ လမ်းမီး လိုအပ်နေ၍ လမ်းမီးတပ် ဆင်ပေးစေလိုကြောင်း၊ လိုခါးလိုကျေးရွာတွင် နေရာတိုင်း ၌ အမှိုက်များ များစွာ ပြန့်ကျဲနေသည်ကို တွေ့မြင်နေ ရပြီး အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး နေရာသတ် မှတ်ပေးရန်နှင့် အမှိုက်များ စည်ကမ်းနှင့်အညီ စွန့်ပစ်ရေး အားလုံးပါဝင်လာစေရေး လုပ်ဆောင်ပေးစေလိုပြီး လိုအပ်သည်များပံ့ ပိုးပေးစေလိုပါကြောင်း၊ အနာဂတ် အလင်းတန်း ကျေးရွာ မြေသားလမ်းအား ကျောက်ချော လမ်း ခင်းပေးစေလိုပါကြောင်းဖြင့် အသီးသီး တင်ပြခဲ့ ကြပါသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ မော်ချီးကျေးရွာအား မြို့အဖြစ် ပြောင်းလဲမှသာလျှင် ဌာနများဖွင့်လှစ်၍ ဖွံ့ဖြိုး တိုးတက်ရေး၊ စည်ပင်သာယာရေးလုပ်ငန်းများကို ပိုမို တိုးတက် ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက် ပေးနိုင် မည် ဖြစ်ပြီး ဒေသခံများ အနေနှင့် မြို့အဖြစ်ဖော် ဆောင်ကြရန်လိုပါကြောင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက် သူများ အနေနှင့် မိမိတို့ ၏ ကိုယ်ကျိုးစီး ပွားအတွက်ကိုသာ အဓိကကြည့်ရှုကြသူများဖြစ်ပြီး မော်ချီး၏ အုပ်ချုပ်ရေးယန္တရား ပိုမိုကောင်းမွန် စေရေး အတွက် ပြည်သူများကိုယ်တိုင်က ပါဝင်လာရန် လိုပါ ကြောင်း၊ အားလုံး အနေနှင့် အပြန်အလှန် အကျိုးအမြတ် ရရှိပြီး နောင်သားများအတွက် အမွေကောင်းပေးနိုင်သည့် ရေရှည်ခိုင်မြဲသည့် အခြေအနေများကို ပေးနိုင်ရန်ဖြစ်ပါ ကြောင်း၊ ဒီဒေသ၏ အခက်အခဲများကို ဒေသခံများ အားလုံးကအသိပင်ဖြစ်ပါကြောင်း၊ တက်ရောက်လာသူ များ အားလုံးအနေနှင့် မိမိတို့အစိုးရနှင့်ပူးပေါင်း၍ အကောင်းဆုံးဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် စီးပွား ရေးလုပ်ငန်းရှင်များက လိုခါးလို ခန်းမဆောင်အတွက် ထိုင်ခုံအလုံး(၂၀၀)၊ ဆောင်းဘောက်စ်နှင့် ခြံစည်းရိုး လုပ်ငန်းများ အတွက် ငွေကျပ် သိန်း(၂၀)တို့အား လှူဒါန်းသွားမည်ဖြစ်ကြောင်း တင်ပြခဲ့ကြပါသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ရန်ပုံငွေလျာထား သည့် အခြေအနေများ၊ ကွင်းဆင်းစိစစ်ဆောင်ရွက် ပေးမည့် အခြေအနေများ၊ ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုခါးလိုတိုက်နယ်ဆေးရုံအဝင်မှ အထကကျောင်းအထိ လမ်းမီးထွန်းလင်း နိုင်ရေး ငွေကျပ် (၂.၄)သိန်းအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်လမ်းညွှန် အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။