ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

3-3-2020-7 1

3-3-2020-7 2

3-3-2020-7 3

(၂၀၂၀ မတ် ၁)
ဘောလခဲမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အမေရိကန်ကြက်ခြေနီတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက ကယားပြည်နယ်၊ဘောလခဲမြို့ စောလဖော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ကြက်ခြေနီအသင်းအဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်မှ လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား/သူများအား စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးက ဂုဏ်ပြုဆုများပေးအပ်ခြင်း၊ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌမှဆေးအိတ်များပေးအပ်ပြီး ဘောလခဲမြို့နယ်ကြက်ခြေနီရုံးဆောက်လုပ်ရာအတွက် လူဒါန်းငွေကကျပ်သိန်း(၃၀)ကို Amazing Titan Co.ld ဒါရိုက်တာ နော်ပလဲဝါးမှ ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူက လက်ခံယူကာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။