မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

3-3-2020-6 1

3-3-2020-6 2

3-3-2020-6 3

(၂၀၂၀ မတ် ၁)
ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်း ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ကာလများအတွင်း အချိန်မီ ပြီးစီးရေး၊ မိုးကာလမတိုင်မီ ဆောင်ရွက်သင့်သည့် လုပ် ငန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များ ရှိပါက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၁.၃.၂၀၂၀)ရက်နေ့ (၀၇၀၀) နာရီ အချိန် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် တည်/ကော်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောလခဲ −ရွာသစ်လမ်း အရှည်(၉)မိုင် တိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မယ်စဲ့မြို့နယ်၊ ဟိုဂျစ် - တောင်လှ (၅/၄)မိုင် မြေလမ်းပေါ်ရှိ (၁၀)ပေ ကွန်ကရစ် တံတား၊ (၅၀)ပေကွန်ကရစ်တံတား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဟိုဂျစ်-တောင်လှ (၁၀/၄)မိုင်ရှိ (၅/၄)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ဟိုဂျစ်(မူလွန်)ကျောင်းဆောင် သစ်ဆောက်လုပ်ခြင်း လုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော ကျေးရွာချင်းဆက် လမ်းပေါ်ရှိ (၂၀)ပေ ကွန်ကရစ်တံတား တည်ဆောက် ခြင်း လုပ်ငန်းများနှင့် (၃၀)ပေ ဘေလီတံတား (၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဟိုဂျစ်-ဟိုဖ-လယ်တော ကျေးရွာချင်း ဆက်လမ်း (၄/၀)မိုင် မြေသားလမ်း ဖောက် လုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ပန်တိန်းကျေးရွာ မီးသတ်စခန်း RC (၂)ထပ် ဝန်ထမ်းအိမ်ရာနှင့် ရေလှောင် ကန် တည်ဆောက်ရေးလုပ်ငန်းနှင့် မီးသတ်စခန်းရှေ့ရှိ ရေနုတ်မြောင်း ဖောက်လုပ်ထားသည့် လုပ်ငန်းများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ၊ လိုအပ် သည့် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များ၊ သတ်မှတ်ထားသည့် ဆောက်လုပ်ရေးပစ္စည်းများနှင့် စနစ်များ ပြည့်စုံစနစ်ကျစွာဖြင့် တည်ဆောက်သွားရန် ဖြစ်ကြောင်း၊ Box Culvert လုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်း သတ်မှတ်အရည်အသွေးများ ပြည့်မီရေး၊ သတ်မှတ် ထားသည့် ဆောက်လုပ်ရေးပစ္စည်းများကိုသာ ထည့်သွင်းအသုံးပြုစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများ နှင့် မြို့နယ် တည်/ကော်အဖွဲ့များက ကွပ်ကဲ ကြပ်မတ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ လိုအပ်ချက် များ၊ ဖြည့်ဆည်းပေးရန် အချက်များရှိပါကလည်း အချိန် နှင့်တပြေးညီ တင်ပြဆောင်ရွက်ပေးရန်ဖြစ်ကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

� ����