မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ် ဆေးကုသ ဆောင် ဖွင့်လှစ်

3-3-2020-5 1

3-3-2020-5 2

3-3-2020-5 3

(၂၀၂၀ မတ် ၁)
ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဝန် ဆောင်မှုများအား အချိန်နှင့်တပြေးညီ ကုသပေးနိုင် ရေး အတွက် ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ ခု၊ ပြည်ထောင်စု ရန်ပုံငွေကျပ် (၅၀၄.၀၀၀)သန်းဖြင့် ဆောင်ရွက် သည့် မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ် ဆေးကုသ ဆောင်အား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဆောက် လုပ်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ တိုးချဲ့ဆေးရုံ(၂)ထပ် (၂၅) ကုတင်ဆံ့ ဆေးကုသဆောင် ဖွင့်ပွဲ အခမ်းအနားအား (၁.၃.၂၀၂၀)ရက်နေ့ (၁၇:၀၀)နာရီအချိန် မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မယ်စဲ့ မြို့မှ မြို့မိမြို့ဖများနှင့် တိုင်းရင်းသားမိဘပြည်သူ ညီအစ် ကိုများ စုံလင် စွာတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံတိုးချဲ့(၂)ထပ် လူနာကုသဆောင်အား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး နှင့် မြို့မိ/မြို့ဖ ဦးခင်မောင်ဌေးတို့မှ ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာ စကားပြောကြားရာ တွင် ယနေ့ မယ်စဲ့မြို့နယ် တိုးချဲ့ဆေးရုံ(၂)ထပ်ဆောင် ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်လာသည့် အကြီးအကဲ များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ယနေ့ အခမ်းအနားသည် မိမိတို့ပြည်နယ်အနေနှင့် အိမ်နီးချင်း နိုင်ငံများထက် မနိမ့်ကျအောင် ကြိုးပမ်းအားစိုက် ဖော်ထုတ်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ရာတွင် အစိုးရတစ်ရပ် တည်းဖြင့် ဆောင်ရွက်၍မရဘဲ ပြည်သူများ ထဲထဲဝင်ဝင် ပါဝင်ပြီး ဌာနများမှ အောက်ခြေဝန်ထမ်းအဆင့်ထိ ပါဝင် ဆောင်ရွက်ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ဌာန၊ အစိုးရ၊ ပြည်သူ ဟန်ချက်ညိညီပူးပေါင်းခဲ့၍ ဖြစ်ပြီး ဖော်ဆောင် ခွင့်ရသည့် အခွင့်အရေးများကို အမိအရ အသုံးချပြီး မြို့ အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းအောင်မြင်မှုသည် ပြည်သူလူထု၏ အောင်မြင်မှု ကျန်းမာရေးဝန်ထမ်းများ၏ အောင်မြင်မှု တစ်ရပ်ဖြစ်သည်ကို မှတ်တမ်း တင်ပြောကြားလို ပါကြောင်း၊ မိမိအနေနှင့် ငယ်စဉ် ကျောင်းသားဘဝ ကတည်းက ကြီးပြင်ခဲ့ပြီး ဝန်ထမ်း ဘဝတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ် ဖြစ်ပါကြောင်း၊ မိမိ တို့ အစိုးရ၏ (၄)နှစ် တာကာလတွင် ပြည်သူ၊ အစိုးရ၊ ဌာန ချိတ်ဆက်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့ပြီး ယခု ဆေးရုံအား (၁၆)ကုတင်ဆံ့မှ (၂၅)ကုတင် ဆံ့ အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများ ခန့် အပ်မှုအနေနှင့်လည်း ရှိသင့်သည့် ကျန်းမာရေး ဝန်များ ခန့်ထားနိုင်အောင် အဆင့်ဆင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြိးပြည်စုံသည်ဟူ၍ မရှိဘဦ အားနည်းချက်များ ရှိနေမည်ဖြစ်ရာ အားနည်း ချက်များကို လျော့နည်းပပျောက်အောင် ဆောင်ရွက် နေပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများအနေနှင့် အပြုသဘောဆန်ဆန် ကြိုးပမ်းဆောင်ရွက်စေလိုပါ ကြောင်း၊ ယခင်က အကြောက်တရားများ ကြီးစီးမှုဖြင့် ဖြတ်သန်းခဲ့ရပါကြောင်း၊ ယခုလည်း ယင်းအအခြေအနေ များ ကျန်ရှိနေပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်ရန် အရေးကြီးပြီး သတ်မှတ်တာဝန်များကို သတ်သတ် မှတ်မှတ်ပေးအပ်ဆောင်ရွက်စေလိုပါကြောင်း၊ ကယား ပြည်နယ်၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် ကယား ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင်လည်း အားလုံး ၏ သဘောတူညီမှုဖြင့်သာ ဆုံးဖြတ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ အဆင့်ဆင့်သော တာဝန်ယူ ထားသည့် အကြီးအကဲများ အနေနှင့် အောက်ခြေ အဆင့် ဆင့်အထိ အပြန်အလှန် လေးစားမှုများဖြင့် ဆောင်ရွက် ကြစေလိုပါကြောင်း၊ မနာလို အမုန်းပွားမှုများကို မရှိစေ လိုပါကြောင်း၊ မိမိတို့သွားလိုသည့် လမ်းကြောင်း၊ ပြုပြင် လိုသည့် ဒီမိုကရေစီအရွေ့ကို သွားနိုင်ရန် ဖြစ်ပြီး အမျှော် အမြင်ရှိစွာဖြင့် တွေးဆဆောင်ရွက်နိုင်ရန် တင်ပြခြင်း ဖြစ်ပါကြောင်း၊ ယခု ဆေးရုံဖွင့်ပွဲ တက်ရောက်ရန် လာရောက်ချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ပါတည်း စစ်ဆေးဆောင် ရွက်နေပါကြောင်း၊ ခရီးစဉ် များ လာရောက်ရာတွင် လိုအပ်ချက်များ၊ အားနည်းချက် များ လျော့နည်း အောင်၊ ဖြည့်ဆည်းရန် အချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ကွင်းဆင်း စိစစ်ခြင်းသည် အားနည်းချက်များကို ပြုပြင် နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အားလုံးမှ နား လည် သဘောပေါက်ရန် လိုပါကြောင်း၊ ယနေ့အခမ်း အနားသို့ တက်ရောက်လာသည့် ပြည်သူများအနေနှင့် မတက်ရောက်နိုင်သူများကို ပြန်လည်မျှဝေပေးစေလို သည်မှာ မိမိတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ယခုဆေးရုံကြီးအား အကောင်းဆုံးဆောင်ရွက် ပေးနေသည်ကို ပြန်လည်ပြောပြပေးရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်၏ မူဝါဒများ၊ ကြိုးပမ်းဖော်ဆောင် နေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရန်အတွက် ဆောင်ရွက်နေပြီး အခွင့် အရေးကို တောင်းဆိုသည့်သဘောဖြင့်မဟုတ်ဘဲ ရယူ တတ်သည့် သဘော၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် လုပ်ငန်းများကိ ဆောင်ရွက်စေလိုပါကြောင်း၊ သို့ဖြစ်ရာ ပြည်သူ၊ အစိုးရနှင့် ဌာနတို့ လက်တွဲညီညီ စည်းလုံး ညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင် ရွက်ပေးစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ မယ်စဲ့မြို့နယ် ဆေးရုံတိုးချဲ့(၂)ထပ် ဆေးကုသဆောင် ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခြင်း၊ မယ်စဲ့မြို့နယ် ဆေးရုံတိုးချဲ့(၂)ထပ် ဆေးကုသဆောင်နှင့် စပ်လျဉ်းသည့် အချက်အလက်များ အား ပြည်နယ်လမ်းဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန သို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဒေသခံ ပြည်သူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်မှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့ကျောင်းသား/သူများ အား ဂုဏ်ပြုဆု ငွေကျပ်(၂)သိန်းပေးအပ်ချီးမြှင့်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် မယ်စဲ့ပြည်သူ့ ဆေးရုံ တိုးချဲ့(၂)ထပ် ဆေးကုသဆောင်သစ်အား လှည့်လည် ကြည့်ရှုခဲ့ကြပြီး ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား အားပေး စကားပြောကြားကာ အာဟာရ အတွက် ထောက်ပံ့ငွေ များပေးအပ်ခဲ့ပါသည်။