နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

9-2-2020-2 1

9-2-2020-2 2

9-2-2020-2 3

(၂၀၂၀ ဖေဖော်ဝါရီ ၉)

နည်းပညာတက္ကသိုလ်(လွိုင်ကော်)သည် ကယားပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ နည်းပညာမြင့်မားရေး စသည့်ကဏ္ဍများအတွက် အထောက်အပံ့ဖြစ်စေပြီး ပြည်နယ်အတွင်း အင်ဂျင်နီယာဆိုင်ရာကဏ္ဍ များအတွက် အတတ်ပညာရှင် များ မွေးထုတ်ပေးလျက်ရှိရာ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားအား (၉.၂.၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီအချိန် လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ/ ဆရာမများ၊ ဘွဲ့လက်မှတ်ရယူမည့် ကျောင်းသား/သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြား ထားသူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများမှ စင်မြင့် ထက်တွင် ရောက်ရှိနေရာယူခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်မှ ဘွဲ့နှင်းသဘင်အခမ်းအနားစတင် ကြောင်း ကြေညာခဲ့ပါသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်က အင်ဂျင်နီယာ ဘာသာရပ် အသီးသီးမှ ဘွဲ့ရမောင်မယ်များအား ဘွဲ့လက်မှတ်များ အပ်နှင်းခြင်းအား အစီအစဉ် များအတိုင်း ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်က အင်ဂျင်နီယာဘွဲ့ အပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခြင်း၊ ဘွဲ့နှင်းသဘင်အခမ်းအနား ရုပ်သိမ်းကြောင်း ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ အပ်နှင်းခြင်းအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ အပ်နှင်းမှုတွင် ဘွဲ့လက်မှတ် တက်ရောက်ရယူမှုအနေဖြင့် အင်ဂျင်နီယာဘွဲ့(မြို့ပြ)ဘွဲ့ရမောင်မယ် (၄၁)ဦး၊ အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်)ဘွဲ့ရမောင်မယ် (၁၀)ဦး၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအင်)ဘွဲ့ရမောင်မယ် (၁၁)ဦး၊ အင်ဂျင်နီယာဘွဲ့(စက်မှု)ဘွဲ့ရမောင်မယ် (၁၃)ဦးဖြစ်ပြီး ဘွဲ့လက်မှတ်အဝေးရောက် ယူမှုအနေဖြင့် ဘွဲ့ရမောင်မယ်(၂၂)ဦး စုစုပေါင်း အင်ဂျင်နီယာဘာသာရပ် အသီးသီးမှ ဘွဲ့ရမောင်မယ် (၉၇)ဦးတို့အား ဘွဲ့လက်မှတ်များ အပ်နှင်းခဲ့ပါသည်။