ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်)နတ်တောင်တော် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် အလှူဒါနအရပ်ရပ်အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

8-2-2020-1 1

8-2-2020-1 2

8-2-2020-1 3

(၂၀၂၀ ဖေဖော်ဝါရီ ၈)

လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်) နတ်တောင်တော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့အေးချမ်းရေး သဘာဝကျောက်သားဓာတ်ပေါင်းစု လာဘမုနိ ဆုတောင်းပြည့် ရုပ်ရှင်တော်မြတ် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့်ငြိမ်းချမ်းရေးပြယုဂ် ကျောက်ဆင်တော်နှင့် ကျိုက်ခြေထောက် သဘာဝကျောက်စေတီတော် ဓမ္မာရုံနှင့် အလှူဒါနအရပ်ရပ်အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား (၈.၂.၂၀၂၀)ရက်နေ့ (၁၀:၄၀)နာရီအချိန် ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်)နတ်တောင် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အလှူရှင်များ၊ ဒေါကလိုးခူကျေးရွာမှ ဧည့်ပရိတ်သတ်များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ သြဝါဒ ခံယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားအား ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များထံမှ (၅)ပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခြင်း၊ ကျိုက်ခြေထောက် သဘာဝကျောက်စေတီတော်၌ သာသနိက အဆောက်အအုံ များ ဆောက်လုပ်ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းအား ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရားတော်များ နာယူခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။