မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ လွိုင်ကော်မြို့တွင် ကျင်းပ

7-2-2020-3 1

7-2-2020-3 2

7-2-2020-3 3

(၂၀၂၀ ဖေဖော်ဝါရီ ၇)

မြန်မာ့ရိုးရာ (၁၂)လရာသီပွဲတော်များအနက် တစ်ခု ဖြစ်သည့် တပို့တွဲလရာသီ၏ ပွဲတော်တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာ ထမနဲပွဲတော်အား မြန်မာ့ရိုးရာအစဉ်အလာ မပြတ် ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် (၇.၂. ၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန် လွိုင်ကော်မြို့၊ သီရိ မင်္ဂလာ တောင်တော်၊ တောင်ကွဲစေတီတော်မြတ် ပရဝုဏ် အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူ ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်း သားလူမျိုးရေး ရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လွိုင်ကော်မြို့ပေါ် (၁၉)ရပ်ကွက်မှ ထမနဲထိုး ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းသူ/အသင်းသား များ၊ ဌာနဆိုင်ရာများကိုယ်စား ပါဝင် ယှဉ်ပြိုင်ကြသည့် အသင်း/သူသားများနှင့် လွိုင်ကော်မြို့ပေါ်ရှိ မိဘပြည်သူ များမှ ပြိုင်ပွဲအခမ်းအနားသို့ လာရောက်ကြည့်ရှု အားပေး ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်များအရ ပြိုင်ပွဲဝင် အသင်းများမှ မိမိတို့အသင်းအလိုက် ထမနဲ ထိုးဆောင် ရွက်မည့် နေရာများတွင် ပစ္စည်းကိရိယာ တန်ဆာပလာ များဖြင့် ရောက်ရှိနေရာယူပြီး ပြိုင်ပွဲ စတင်သည်နှင့် တပြိုင်နက် ထမနဲထိုးခြင်းအား အပြိုင်အဆိုင် ပျော်ရွှင် စွာ ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီး အကဲများမှ အသင်းလိုက် ထမနဲထိုးယှဉ်ပြိုင်နေမှုများ အား လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။

ထမနဲထိုးခြင်းများ ဆောင်ရွက်ပြီးနောက် အကဲဖြတ် ဒိုင်လူကြီးများမှ မြေပြင် အမှတ်ပေးစနစ်ဖြစ်သည့် နေရာ ခင်းကျင်း ပြင်ဆင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ စည်းလုံး ညီညွတ်မှု၊ အားပေးမှု၊ ဆိုင်းဘုတ်အလံ စိုက်ထူခြင်း၊ ဝတ်စားဆင်ယင်မှု၊ စည်းကမ်းလိုက်နာမှု စသည့် စနစ် အပြင်၊ အဓိကအမှတ်ပေးစနစ်ဖြစ်သည့် ပြီးစီးချိန်၊ အရောင်၊ အနံ့၊ အရသာ စသည့်အမှတ်ပေးစည်းမျဉ်းများ နှင့် အညီ စိစစ်အကဲဖြတ် အမှတ်ပေးဆောင်ရွက်ခဲ့ကြ ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ မြန်မာ့ရိုးရာထနမဲထိုးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အသင်း များနှင့် ပြိုင်ပွဲဝင်အသင်းများအား ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်း အနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲသို့ လွိုင်ကော်မြို့ပေါ် (၁၉) ရပ်ကွက်မှ (၁၉)သင်းနှင့် ဌာနဆိုင်ရာများ ကိုယ်စားပြု အသင်း(၁၇)သင်း စုစုပေါင်း ပြိုင်ပွဲဝင် အသင်း (၃၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လွိုင်ကော်မြို့ပေါ်(၁၉)ရပ်ကွက် (၁၉)သင်း၏ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧက (၅၀၀)ရပ်ကွက်အသင်းအား ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း၊ ဒုတိယဆုရရှိသည့် နမ့်ဘော်ဝမ်(က) အသင်းအား ဂုဏ်ပြု ဆုငွေကျပ်(၁.၅)သိန်း၊ ပူးတွဲတတိယဆုရရှိသည့် နမ့်ကွတ်ရပ်ကွက်အသင်း၊ ဈေးပိုင်းရပ်ကွက်အသင်းနှင့် ရှမ်းစုရပ်ကွက်အသင်းတို့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်း စီအား လည်းကောင်း၊ ဌာနဆိုင်ရာကိုယ်စားပြု (၁၇) သင်း၏ ယှဉ်ပြိုင်မှုတွင် ပထမဆုရရှိသည့် ပြည်နယ် ရဲတပ်ဖွဲ့အသင်းအား ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း၊ ဒုတိယ ဆုရရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၁.၅)သိန်း၊ ပူးတွဲ တတိ ယ ဆုရရှိသည့် နည်းပညာတက္ကသိုလ်အသင်း၊ အခြေခံ ပညာအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းတို့ အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းစီဖြင့် လည်းကောင်း၊ ထမနဲထိုးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းများအား တစ်သင်းလျှင် ဂုဏ်ပြုဆုငွေကျပ် (၅) သောင်းစီအား ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။