လွိုင်လင်လေးမြို့၊ ပိန်းချစ်ကျေးရွာအုပ်စုနှင့် ထီးစဲခါးကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

7-2-2020-4 1

7-2-2020-4 2

7-2-2020-4 3

(၂၀၂၀ ဖေဖော်ဝါရီ ၇)

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးသို့ သွားရောက်ပြီး အဆိုပါဒေသများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူများ၏ လိုအပ်ချက်များ၊ လိုလားချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များအား ဖြည့်ဆည်းပံ့ပိုးဆောင်ရွက် ပေးနိုင်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၇.၂.၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီအချိန် ပိန်းချစ်ကျေးရွာအုပ်စု၊ ပိန်းချစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပိန်းချစ်နှင့် ထီးစဲခါးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနား၌ ဒေသခံပြည်သူများမှ ရေ၊ မီး၊ လျှပ်စစ်နှင့် လမ်းရရှိရေးဆိုင်ရာကိစ္စရပ်များအား ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရေးအတွက် တင်ပြဆောင်ရွက်ခဲ့ပြီး တင်ပြချက်လုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ဖော်ဆောင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် ပိန်းချစ်ကျေးရွာအဝင်လမ်း ပေ(၄၅၀)ခန့်အား ကျောက်ချောလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တင်ပြမှုအားလည်းကောင်း၊ ကျိုင်းတုံကျေးရွာ ရွာလယ်လမ်း လမ်းမီးထွန်းလင်းနိုင်ရေး လုပ်ငန်းတင်ပြချက်အား လည်းကောင်း၊ ကုန်းပေါင်းကျေးရွာ ရွာလယ်လမ်း မြေသားလမ်းမှ ကျောက်ချောလမ်း ပေ(၆၀၀)ခန့် ခင်းပေးနိုင်ရေး တင်ပြချက်လုပ်ငန်းအားလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၃၁.၄၉၇) သန်း ဖြင့် ဆောင်ရွက်သည့် လွိုင်လင်လေးမြို့ ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ချိတ်ဆက်ညှိနှိုင်း၍ ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည်များ၊ ရန်ပုံငွေ လျာထားရန် လိုအပ်သည်များ၊ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများ တာဝန်ရှိသူများမှ ဒေသခံပြည်သူများမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တင်ပြခဲ့သည့် ကျေးရွာများသို့ သွားရောက်ပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများ အနေနှင့် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျ စိစစ်တင်ပြပေးရန် လမ်းညွှန် မှာကြားခဲ့ပါသည်။