ကယားပြည်နယ် စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၁၉−၂၀၂၀) ကျင်းပ

7-2-2020-2 1

7-2-2020-2 2

7-2-2020-2 3

(၂၀၂၀ ဖေဖော်ဝါရီ ၇)

ကယားပြည်နယ်၏ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ၊ ပထမသုံးလပတ်ကုန်အထိ အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု တန်ဖိုး(GDP)နှင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလျာထားချက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ စီမံကိန်းလျာထားချက်တွင် ကျပ်(၃၉၁.၄)ဘီလီယံအထိ ရရှိရန် လျာထားခဲ့ပြီး သဘာဝသယံဇာတထုတ်ယူမှုကို လျော့ချခဲ့သည့်တိုင်အောင် အခြေခံအဆောက်အဦများ မြန်ဆန်စွာတိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ ပြည်နယ်၏ GDP တန်ဖိုးသည်လည်း တိုးတက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် ဦးစားပေးအစီအစဉ်များကိုလည်း ပြောင်းလဲဖော်ဆောင် နိုင်ခဲ့ပါကြောင်း၊ သဘာဝသယံဇာတ အရင်းအမြစ် ထုတ်ယူသည့် စီးပွားရေးမှသည် ပြည်သူအများစု၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုလည်းကောင်း၊ ဒေသတွင်း လုပ်ငန်းငယ်များကို အကျိုးပြုစေမည့်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကိုလည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံအဆောက်အဦများကိုလည်းကောင်း၊ ပြည်နယ်၏ရေရှည်ဖွံ့ဖြိုးမှု ထွက်ပေါက် ဖြစ်လာစေမည့် နယ်စပ်ကုန်သွယ်ရေးကို လည်းကောင်း ဦးစားပေးဖော်ဆောင်သည့် မူဝါဒကိုကျင့်သုံး ဆောင်ရွက်ခဲ့ကြောင်း၊ အကျိုးရလဒ်အနေဖြင့် ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်၍ ဟိုတယ်၊ ပို့ဆောင်ရေး၊ စားသောက်ဆိုင်၊ ရိုးရာလက်မှုလုပ်ငန်း၊ ကုန်သွယ်ရေး စသည့် လုပ်ငန်းများ တွဲလျက်ဖွံ့ဖြိုးလာသဖြင့် ပြည်နယ်၏စီးပွားရေး ပုံသဏ္ဍာန်တွင် ဝန်ဆောင်မှု ကဏ္ဍကြီး၏ ပါဝင်မှုအချိုး ပြောင်းလဲလာခဲ့ပါ ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့မှလည်း ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် ပြည်ထောင်စုမှ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားသောအချက်များကိုလည်း ညွှန်ကြားဖြန့်ဝေထား ပြီးဖြစ်၍ ဂရုပြုဖို့လိုပါကြောင်း၊ စီမံကိန်းပြက္ခဒိန်၊ ဘတ်ဂျက်ပြက္ခဒိန်ပါ လုပ်ငန်းစဉ်များအတိုင်း စီမံကိန်းလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ ပြဌာန်းချက်များအတိုင်း လိုက်နာရေးဆွဲဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင် က ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်ကုန်အထိ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)နှင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံရန်အဆိုပြုလျာထားချက်များအား ရှင်းလင်းဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ယခုလုပ်ဆောင်နေသော လုပ်ငန်းဆောင်ရွက် ချက်များနှင့် ဆက်လက်လျာထားလုပ်ဆောင်မည့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြ ကြောင်း သိရှိရသည်။