လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လပတ် အတွက်ထောက်ပံ့ငွေပေးအပ်

7-1-2020-1 1

7-1-2020-1 2

7-1-2020-1 3

(၂၀၂၀ ဖေဖော်ဝါရီ ၇)

လွိုင်ကော် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်(၈)ခု ရှိပြီး ၎င်းလုပ်ငန်းစဉ်များအနက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည်ဖြစ်ရာ လူမှုရေးပင်စင်အပြင်၊ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ထောက်ပံ့ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ် လူနေမှုဘဝများအတွက် အထောက် အပံ့ကောင်းများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အနေနှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဉီးလျှင် (၁) လ (၁) သောင်းနှုန်းဖြင့် (၃) လ တစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ၂၀၁၈ -၂၀၁၉ ခုနှစ်မှစ၍ အသက်(၈၅)နှစ်သို့လျှော့ချပြီး လူမှုရေးပင်စင် ပေးအပ်ခြင်းများကိုဖြေလျှော့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပထမ(၃) လပတ်အတွက် ကယားပြည်နယ် မြို့နယ် (၇) မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုး/ အဘွား (၆၁၇) ဦးတို့ကို လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၁၈၅၁၀၀၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ လွိုင်ကော်မြို့နယ်တွင် အဘိုး/အဘွား (၃၁၇) ဉီးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ စုစုပေါင်း (၉၃၆၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်းရှိမြို့နယ် (၇) မြို့နယ်တွင် ၊ ကိုယ်ဝန်ဆောင်မိခင် (၅၂၂၉) ဉီး နှင့် အသက် (၂) နှစ်အောက် ကလေးငယ် (၅၃၅၂) ဉီး ၊ စုစုပေါင်း (၁၀၅၈၁) ဉီးတို့အား ထောက်ပံ့ငွေပေါင်းမှာ ကျပ်သိန်း (၄၆၃၉၉၅၀၀၀) ရှိကြောင်း၊ ယခု လွိုင်ကော်မြို့နယ်၌ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၁၈၇၂) ဉီး နှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၃၁၀)ဉီး စုစုပေါင်း (၄၁၈၂) ဉီးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၇၇၁၃၅၀၀၀) အား ပေးအပ်သွားမှာဖြစ်ကြောင်း၊ ထောက်ပံ့ငွေမရရှိသေးသူများ ရှိပါကသက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေ လိုကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး က အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ထို့နောက် အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအတွက် လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက် ကလေးသူငယ်များအား ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ၊ ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဉီးအောင်နိုင်ဉီး နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များကိုယ်စား မိခင်တစ်ဦးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီး နှင့် တာဝန်ရှိသူများ က အဘိုး/အဘွားများ ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့ မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များကို ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများအား ကြည့်ရှု အား ပေးခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အဘိုး/အဘွားများ ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့၏ ကလေးငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။