ရွာသစ်မြို့တွင် လူထုတွေ့ဆုံပွဲ၊ မြေငှားဂရန်ပေးအပ်ပွဲနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

3-3-2020-2 1

3-3-2020-2 2

3-3-2020-2 3

(၂၀၂၀ ဖေဖော်ဝါရီ ၂၉)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များအပေါ် တတ်စွမ်း သည့်ကဏ္ဍများအလိုက် ဖြည့်ဆည်းပေးနိုင်ရေး လူထုတွေ့ဆုံပွဲများပြုလုပ်၍ ဖြည့်ဆည်းပေးလျက်ရှိပြီး ပြည်သူများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ရရှိစေရေးအတွက် မြို့မြေ ငှားဂရန်များ နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များအား သတ်မှတ်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိရာ ရွာသစ် မြို့ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းနှင့် မြို့မြေ ငှားဂရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားအား (၂၉.၂.၂၀၂၀)ရက်နေ့ (၁၅၀၀) နာရီအချိန် ရွာသစ်မြို့ရှိ သီရိမင်္ဂလာခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွာသစ်မြို့မှ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ မြေငှားဂရန်နှင့် ပုံစံ(၇) လျှောက်ထားသူများနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲအခမ်းအနားနှင့် မြေငှားဂရန်နှင့် ပုံစံ(၇)ခွင့်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်လာသည့် အကြီးအကဲများ၊ ဌာန တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း၊ ယခုလိုမြို့မြေငှားဂရန်နှင့် ပုံစံ (၇)များ ပေးအပ်ခြင်းဖြင့် ပြည်သူများ၏ စိတ်ပိုင်းနှင့် ရုပ် ပိုင်း ဆိုင်ရာ လုံခြုံမှုများ ရရှိစေရေအတွက် ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ ၊ မြေငှားဂရန်များနှင့် ပုံစံ(၇)များ ထုတ် ပေးရာတွင် လုပ်ငန်းစဉ်များ များပြားပြီး ရန်ပုံငွေများ များစွာ သုံးစွဲရပါကြောင်း၊ ၎င်းအအပြင် ဌာနများအနေနှင့် လည်း အချိန်များစွာအကုန်ခံ၍ လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ရပြီး ဆောင်ရွက်ပေးသည့် သက်ဆိုင်ရာ ဌာနများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပုံစံ(၇)နှင့် မြေငှားဂရန်များပြုလုပ်ရာတွင် သတ်မှတ်ဧရိယာများ အလိုက် အခွန်အခများကို ပေးအပ်ရပြီး အခွန်အခများစွာ ပေးသွင်းရခြင်း မရှိသည်ကို သိရှိရပါကြောင်း၊ ယခုအချိန် တွင် မြေငှားဂရန်များနှင့် ပုံစံ(၇)များကို စီမံချက်များ ရေးဆွဲ ပြုလုပ်ပေးနေပြီး ပြည်သူများအနေနှင့် ဆောင်သင့်သည့် အခွန်အခများပေးသွင်း၍ ပြုလုပ် ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ ပုံစံ(၇)များ၊ မြေငှား ဂရန်များ ရရှိပြီးပါက ဘဏ်များနှင့်လည်းချိတ်ဆက်၍ ဆောင်ရွက်ရနိုင်သည်များရှိရာ မိမိတို့ ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ကြိုးစားအားထုတ်မှု အပေါ်မူတည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ပုံစံ(၇)ရရှိသည့် တောင်သူများအနေနှင့်လည်း ပုံစံ(၇)ပါ စည်းကမ်းချက် များ နှင့်အညီ ဆောင်ရွက်ရန်လိုပြီး တောင်သူများ၏ လုပ်ငန်းဆောင်တာများ အဆင်ပြေအောင် ဆောင်ရွက် စေလိုပါကြောင်း၊ ယနေ့အခမ်းအနားတွင် ပုံစံ(၇)နှင့် မြို့မြေငှားဂရန် ပေးအပ်မှုအပြင် လူထုတွေ့ဆုံပွဲကိုပါ တပါတည်း ပြုလုပ်မည်ဖြစ်ပြီး ရွာသစ်မြို့သည် မြို့(၃) မြို့အနက် ပထမဦးဆုံး ပေါ်ပေါက်လာသည့် မြို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြဆောင်ရွက်စေလိုပြီး၊ ဌာနအကြီး အကဲများအနေနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းပေးရန် အချက်များ ရှိပါက တင်ပြပေးရန်ဖြစ်ပါကြောင်း၊ ရွာသစ်မြို့စတင်ဖြစ် ပေါ်ခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီး ငြိမ်းချမ်းရေး ကဏ္ဍများ တွင်လည်း ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်စေလိုပါကြောင်း၊ ယခုထက်မက ငြိမ်းချမ်းရေးကဏ္ဍ များတွင် ပါဝင်စေလို ပါကြောင်း၊ မြို့အနေနှင့် ရှိနေသည့်အရင်းအမြစ်များ၊ အခွင့်အလမ်းများကို သိရှိ ရန်လိုပြီး မြို့ဖွံ့ဖြိုးရန်အတွက် မြို့နေပြည်သူများတွင် များစွာမူတည်ပါကြောင်း၊ ပြည်သူ များက တွန်းအားပေးလုပ်ဆောင်မှသာလျှင် အောင်မြင် မည်ဖြစ်ပါကြောင်း၊ မိမိတို့တင်မြှောက်ထားသည့် အစိုးရ တစ်ရပ်အပေါ်တွင် မိမိတို့လုပ်ဆောင်လိုသည့်အချက်များ၊ လိုအပ်ချက်များကို တင်ပြပေးရန်ဖြစ်ပြီး ဌာနများအနေ နှင့် လည်း အကြံပြုပေးရန် ပြောလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်မှ မကြာမီ ကာလက မိမိအနေ နှင့် ရွာသစ်ရေတံခွန်သို့ သွားရောက်နိုင်ခဲ့ပြီး ရွာသစ်ဒေသ တွင် ရှေးဟောင်းဘုန်းတော်ကြီးကျောင်းနှင့် ရှေးဟောင်း စေတီပုထိုးများစွာရှိပြီး ခရီးသွားစွဲဆောင်မှုနေရာတစ်ခု ဖြစ်ပါကြောင်း၊ အားလုံးအတွက် အမြင်ကျယ်ကျယ်ဖြင့် စည်းလုံးညီညွတ်မှု အသွင်သဏ္ဍန်နှင့် တင်ပြပေးကြရန် ဖြစ်ပါကြောင်း၊ အစိုးရအနေနှင့် ရေ၊ မီး၊ လမ်း စသည့် အခြေခံလိုအပ်ချက်လုပ်ငန်းများကို ဖြည့်ဆည်း ပံ့ပိုး ပေးမည်ဖြစ်ပါကြောင်း၊ လမ်းလုပ်ငန်းအနေနှင့် လမ်းမိုင် (၂)မိုင်ခန့်အား အကောင်အထည်ဖော်ဆောင် ရွက်ရန်ရှိ ပါကြောင်း၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ် အရည်အသွေးများ ပြည့်မီအောင် ဆောင်ရွက်ရန် တာဝန် ရှိသူများက ကြပ်မတ်ပေးရန် ဖြစ်ပါကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်များတွင် လည်း ကျေးရွာချင်းဆက်လမ်း များကို ဆက်လက် အကောင်အထည်ဖော် ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေနှင့် မိဘနေရာတွင် ရောက်နေသည့်အလျောက် မိဘတာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အစိုးရအနေနှင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးနေ ချိန်တွင် ပြည်သူများအနေနှင့် ထိန်းသိမ်းဆောင်ရွက်မှုများကို ပြုလုပ်ပေးရန်ဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည််ထောင်စု အရွေ့ကို သွားနိုင်ရန်ဖြစ်ပါကြောင်း၊ ပြည်သူများအနေနှင့် နိုင်ငံရေးအသိ အမြင်များရှိရန် လိုအပ်ပြီး ဒီမိုကရေစီဖက်ဒရယ်ကို ဖော်ဆောင်နေချိန် တွင် စည်းကမ်းနှင့်အညီ လွတ်လပ်စွာ စုစုစည်းစည်း ညီညွတ်စွာနေထိုင်ခြင်းဖြစ်ပါကြောင်း၊ အာဏာရှင်စနစ် ကို မလိုလား၍ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းရင်းသား များ ၏ အရေးကို မူဝါဒများနှင့်အညီ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေနှင့်လည်း မဲပေးရုံသာမကဘဲ မိမိတို့ ပြည်ထောင်စု ကြီး တစ်ခုလုံးကို လွှမ်းခြုံသည့် အသိများ ဖြင့် ဆောင်ရွက်ကြစေလိုပြီး မိမိ၏ တင်ပြချက်များနှင့် ပတ်သက်၍ ရွာသစ်မြို့ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဖော်ဆောင်ကြစေလိုပါကြောင်း၊ ရွာသစ် မြို့၏ ခရီးသွားစွဲဆောင်မှု လုပ်ငန်းများကို ကောင်းသည်ထက် ကောင်းအောင် ကြိုးပမ်းကြစေ လိုပါကြောင်း၊ ပြည်သူ များ အနေနှင့် နိုင်ငံရေးအသိအမြင်များ ရှိရန်လိုပြီး မိမိတို့ ရွေးချယ်တင်မြှောက် ထားသည့် အစိုးရတစ်ရပ်နှင့် အကောင်းဆုံးပူးပေါင်း၍ တူညီသည့်အမြင်များဖြင့် မိမိတို့ ရပ်ရွာဖွံဖြိုး တိုးတက်ရေးအတွက် အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ပြီး လက်တွဲပူးပေါင်းဖော်ဆောင်ကြစေ လိုပြီး မြေငှားဂရန်များနှင့် ပုံစံ(၇)ရရှိမှုအပေါ် မိမိတို့ အကျိုး အတွက် အကောင်းဆုံး ဆောင်ရွက်နိုင် ကြစေလို ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ရွာသစ်မြို့နေ ဒေသခံပြည်သူများက တင်ပြရာတွင် ရွာသစ်မြို့ တွင်းလမ်း ပေ(၅၀၀၀)ခန့်အား ပြုပြင်ထိန်း သိမ်းပေးရန်နှင့် မင်္ဂလာလမ်း၊ အုန်းပင်ကျောင်း လမ်းနှင့် သီရိမင်္ဂလာခန်းမ နောက်ကျောလမ်းတို့ ပျက်စီးနေ၍ မြို့တွင်းလမ်း ပေ(၂၀၀၀)ခန့် ကတ္တရာခင်းပေးစေလို ကြောင်း၊ ဘောလခဲမှ ရွာသစ်-စွပ်ပိုင်အထိ ခြုံနွယ်များ ပိတ်နေ၍ လမ်းဘေးဝဲယာ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ပေးစေလိုပါကြောင်း၊ ရွာသစ် ကျောင်းခြံစည်းရိုးကာရံ ခြင်း၊ အစည်းအဝေးခန်း တိုးချဲ့ခြင်း၊ ကျောင်းအိမ်သာ (၅)ခန်းတွဲ(၁)လုံး ပံ့ပိုးပေးစေလိုပါကြောင်း၊ လယ်မြေ ရေလိုအပ်နေ၍ ဇုန်အင်းမှ မန်တလိုင်းလယ်ထိ ရေမြောင်း တူးဖော်ပေးစေလိုပါကြောင်း၊ ယင်းအပြင် နားကုလားလယ်မှ မန်တလိုင်းလယ်အထိ ရေမြောင်းတူ ဖော်ပေးရန်၊ ရွှေကျောင်း နောက်ပိုင်းမှ ဝမ်ဟော်ဆည် အထိ ရေမြောင်း တူးဖော်ပေးစေလိုပါကြောင်း၊ ရွာသစ်မြို့ နောင်ဆိုင်ကျောင်း ယောဂီအိပ်ဆောင် အခက်အခဲဖြစ်နေ ၍ ယောဂီ(၂)ထပ်ဆောင် တစ်ဆောင် ဆောက်လုပ် လှူဒါန်းနိုင်ရေး အလှူငွေများ စုဆောင်းထားပြီးဖြစ် မကြာမီ တိုင်ထူတော့မည်ဖြစ်ပြီး ကျန်ရှိသည့် လုပ်ငန်း များ အတွက် ပြည်နယ်အစိုးရနှင့် ဌာနများမှ ပံ့ပိုးကူညီ ပေးစေလိုကြောင်း၊ တောင်သူ တစ်ဦးမှ လယ်မြေ(၁၀) ဧက အနက် (၅)ဧကအား အပိုင် သိမ်းခံထားရကြောင်း၊ (၁၉၉၅)ခုနှစ် ကတည်းက သိမ်းဆည်းထားခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်မရရှိသေး၍ ပြန်လည်ရရှိရေး ကူညီပေးစေလိုပါကြောင်း၊ ရွာသစ်မြို့ တိုးတက်မှု နှောင့် နှေး သည့် မြို့ဖြစ်ပြီး လက်လုပ်လက်စား များပြားပါ ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေး အတွက် စက်ရုံအလုပ်ရုံများ ရွာသစ်မြို့အနီးအနားတွင် တည်ထောင်ပေးစေ လိုပါ ကြောင်း၊ အထူးသဖြင့် ဒေသ နှင့်သင့်လျော်သည့် ဒေသထွက်ကုန်ပစ္စည်းများနှင့် ဆောင်ရွက်နိုင်သည့် စက်ရုံများကို ဆောင်ရွက်ပေးစေလို ပါကြောင်း၊ ရွာသစ်မြို့ တောင်တန်းသာသနာပြုပရိဟတ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရှေးဟောင်းစေတီတော် အားပြန်လည်ပြုပြင်ရန် စီမံလျက်ရှိသည့် အပေါ် ပြည်နယ် အစိုးရနှင့် ဌာနများမှ အလှူငွေများ ပါဝင် လှူဒါန်း ပေးစေလိုကြောင်း၊ လွယ်ဝိုင်းကျေးရွာတွင်းလမ်း ပေ(၁၁၀၀)ခန့်နှင့် မြေ ပေ(၁၀၀၀)ခန့်အား အဆင့်မြှင့် တင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ရွာသစ်မြို့ တောင်ပိုင်း ရပ်ကွက်နှင့် လွယ်ဝိုင်းကျေးရွာအုပ်စု နယ်နိမိတ် တိကျစွာသတ်မှတ်ပေးစေလိုကြောင်း၊ လွယ်ဝိုင်း ကျေးရွာ အမက(ဝမ်ဖကြီး)ကျောင်း ကျောင်းဆောင်သစ်အတွက် ဖောင်ဒေးရှင်းဆောက်လုပ် ပေးစေလိုကြောင်း ကျန်လုပ်ငန်းများကို ရွာမှ ကိုယ်ထူ ကိုယ်ထဖြင့် ဆောင်ရွက်လိုကြောင်း၊ စွပ်ပိုင်-ဟွေအော လမ်းမကြီးအား အမြဲတမ်းသွားလာ နိုင်ရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ ထို့အပြင် အဆိုပါလမ်းပေါ်ရှိ တံတား တစ်စင်း ဆောင်ရွက်ပေး စေလိုပြီး ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်း အမြဲတမ်း ထားရှိပေး စေလိုပါ ကြောင်း၊ ဟွေအောဒေသတွင် ရေကြီးမှုနှစ်စဉ် ဖြစ်ပေါ်၍ ဆောင်ရွက်ပေးစေလိုကြောင်း၊ ဘောလုံး ကွင်း မရှိသေးသဖြင့် ဘောလုံးကွင်းဆောင်ရွက် ပေးစေလို ကြောင်း တင်ပြခဲ့ကြပါသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြရာ တွင် နတလမှ ညောင်ခမ်းဘုန်းကြီးကျောင်းအား ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်နှင့် ကျောင်းအတွင်း၌ ဆရာတော်သီတင်းသုံးရန်အတွက် အုတ်ကျောင်း (၆၀) ပေ(၃၀)ပေ ဆောင်ရွက်လိုပါကြောင်း၊ ပညာရေးဌာနမှ တောင်ယာလုပ်ငန်း ဆောင်ရွက်ရာတွင် နှမ်းသီးနှံများ အပြင် လိမ္မော်ခြံများ စိုက်ပျိုးနိုင်ရေးအတွက် ပံ့ပိုးပေးစေ လိုပြီး၊ ရွာသစ် ရေတံခွန် သွားလမ်းနှင့် ရေတံခွန်အနီးတွင် ဇရပ်တစ်ဆောင် စီမံပေးစေလိုပါကြောင်း၊ ပြန်/ဆက်ဌာန မှ ရွာသစ်ရုံး ဝန်ထမ်း(၃)ဦးနှင့် ဆောင်ရွက်နေ၍ ကွန်ပျူ တာနှင့် ပရင်တာလိုအပ်ချက်ရှိနေသည့်အပေါ် ကွန်ပျူ တာတစ်စုံ ပံ့ပိုးပေးစေလိုကြောင်း၊ ရွာသစ်တိုက်နယ် ဆေးရုံမှ ဆေးရုံအဆောက်အအုံသစ်တင်ပြရန် စီမံထား ရှိပြီး ကွင်းဆင်းကုသမှု ဆောင်ရွက်ရန်အတွက် မော်တော် ကား(၁)စီး ပံ့ပိုးပေးစေလိုပါကြောင်းဖြင့် အသီးသီး တင်ပြ ခဲ့ကြပါသည်။

တင်ပြချက်များအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပေးနိုင် မည့် အခြေအနေ များ၊ ရန်ပုံငွေလျာထားမည့်အစီအမံများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်သူ များအနေနှင့် အခွင့်အရေးများကို ရယူကြသလို တာဝန် များကိုပါ တပါတည်း ယူတတ်ကြရန် လိုပါကြောင်း၊ လမ်း ဦးစီးဌာနမှ တင်ပြသည့် လမ်းညွှန်ဆိုင်းဘုတ်များ ထိန်း သိမ်းခြင်းနှင့်ပတ်သက်၍ မိမိတို့မြို့လာသည့် လမ်း အတွက် ဆောင်ရွက်ထားသည့် လမ်းညွှန် ဆိုင်းဘုတ် များကို ထိန်းသိမ်းကြရန် မိမိတို့တွင်သာ တာဝန်ရှိပါ ကြောင်း၊ မိဘများအနေနှင့်လည်း မိမိတို့၏ သားသမီးများ ကိုလည်း ထိန်းသိမ်းကြပ်မတ်ကြရန် လိုပါကြောင်း၊ သို့ဖြစ်ရာ တက်ရောက်လာသူများအားလုံးအနေနှင့် မိမိတို့နှင့်မသက်ဆိုင်ဟု သဘောမထားဘဲ ဝိုင်းဝန်း ထိမ်းသိမ်းကြိုး ပမ်းကြစေ လိုကြောင်းဖြင့် လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံပြည်သူများ၏ တင်ပြချက်အရ နောင်ဆိုင် ဘုန်းတော်ကြီးကျောင်း ယောဂီဆောင် ဆောက်လုပ်ရန်အတွက် ငွေကျပ်(၅)သိန်း၊ ရွာသစ်မြို့ တောင်တန်းသာသနာပြုကျောင်း ရှေးဟောင်း စေတီတော် ပြုပြင်ရန်အတွက် ငွေကျပ်(၅)သိန်းနှင့် ညောင်ခမ်းဘုန်းတော်ကြီးကျောင်း ဆရာတော် သီတင်း သုံးရန် ကျောင်းဆောက်အတွက် မတည် ငွေကျပ် (၅) သိန်း၊ စုစုပေါင်း (၁၅) သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ မြို့မြေငှားဂရန်လျှောက်ထားသူ (၄၉)ဦးနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)လျှောက်ထားသူ (၄၃)ဦးတို့ အား မြေငှားဂရန် များနှင့် ပုံစံ(၇)များ ပေးအပ် ဆောင်ရွက်ခဲ့ရာ မြို့မြေငှားဂရန်လက်ခံရရှိသူများနှင့် လယ်ယာ မြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိသူများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ် လမ်းညွန်အမှာစကား ပြောကြားခဲ့ပြီးနောက် အခမ်း အနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။