မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ လက်ပံချိုင်းကျေးရွာ၊ ဗုဒ္ဓခြေတော်ရာ ကျောင်းတိုက်၏ ဦးစီးပဓာန နာယက မေတ္တာရှင်သဒ္ဓိအောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ နယ်လှည့်သာသနာပြုဓမ္မကထိက(ကမ္မဋ္ဌာနာစရိယ)၏ “အထူးဓမ္မသဘင်ပူဇော်ပွဲ” လွိုင်ကော်မြို့တွင် ကျင်းပ

9-2-2020-1 1

9-2-2020-1 2

9-2-2020-1 3

(၂၀၂၀ ဖေဖော်ဝါရီ ၉)

ကားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီးဒေါ်မြင့်မြင့်မော် (သား) မောင်ရဲထင်မော်၊ မောင်ထွဋ်ဈာန်ပိုင် မိသားစုတို့မှ မွေးနေ့မင်္ဂလာအလှူတော်ကုသိုလ်အဖြစ် ကျင်းပသည့် မေတ္တာရှင်သိဒ္ဓိအောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ နယ်လှည့်သာသနာပြု ဓမ္မကထိက၊ ကမ္မဋ္ဌာနစရိယ ဆရာတော်ဘုရား၏ “အထူးဓမ္မသဘင်အခမ်းအနား”အား (၉.၂.၂၀၂၀)ရက်နေ့ (၁၉:၀၀)နာရီအချိန် လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မေတ္တာရှင်သိဒ္ဓိအောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ နယ်လှည့်သာသနာပြု ဓမ္မကထိက၊ ကမ္မဋ္ဌာနစရိယ ဆရာတော်ဘုရား၏ “အထူးဓမ္မသဘင်အခမ်းအနား”သို့ သီလရှင် ဆရာလေးများ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လွိုင်ကော်မြို့ပေါ်ရှိ မိဘပြည်သူများမှ တရားတော်နာယူရန် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဓမ္မသဘင်အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ မေတ္တာရှင် သိဒ္ဓိအောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ ထံမှ ငါးပါးသီလများ ခံယူဆောက်တည်ခဲ့ကြပါသည်။ ထို့နောက် မေတ္တာရှင် သိဒ္ဓိအောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ နယ်လှည့်သာသနာပြုဓမ္မကထိက (ကမ္မဋ္ဌာနာစရိယ)မှ တရားတော်များချီးမြှင့်ဟောကြေားတော်မူခဲ့ပါသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးမိသားစုတို့မှ ဓမ္မပူဇာအလှူတော်ငွေကျပ်သိန်း (၃၀)အား ဆက်ကပ်လှူဒါန်းခြင်းနှင့် ဓမ္မသဘင်သို့ ကြွရောက်လာသည့် တရားနာဧည့်ပရိသတ်များ၏ ဓမ္မပူဇာ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ဓမ္မပူဇာအလှူတော်ငွေကျပ် (၇၈၂၁၀၀၀) အား ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ဘုရားထံမှ ရေစက်ချတရားတော်များနာယူ၍ ရေစက်သွန်းချ အမျှပေးဝေ ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ ဆရာတော်အား ပြန်လည်ကန်တော့ခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ ဓမ္မသဘင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။