အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် ၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်နှင့် ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၊ လွိုင်ကော် ၊ ဒေသကွပ်ကဲရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်၌ နံနက် ၄ နာရီမိနစ် ၂၀တွင် ကျင်းပခဲ့ပြီး  နံနက် ၇ နာရီအချိန်တွင် ပြည်နယ်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့လာသည့်သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် က ဖတ်ကြားခဲ့ကြောင်းသိရသည်။