အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ၊ ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်း

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ၊ ဆွမ်းဆန်တော်နှင့် ဆီများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့သည် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ၊ ဆရာတော် ဘဒ္ဒန္တပညာစက္က(မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ထံ ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ၊ ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် လွိုင်ကော်မြို့ ရွှေတောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တသီလဝံသ ဆရာတော်ထံ သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ၊ ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် လွိုင်ကော်မြို့ သီရိမင်္ဂလာဟော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ထံ သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ၊ ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။