Skip to main content
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ အမှတ်(၇)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)အတွက် ထောက်ပံ့အလှူငွေပေးအပ်

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အမှတ်(၇)တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)တွင် ဆေးကုသရေးဆိုင်ရာ ဆက်

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဘောလခဲခရိုင်၊ မြို့နယ်နှင့်ရပ်/ကျေးစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးခင်မောင်ဦးသည် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ

Yin Ta Lae

ယင်းတလဲလူမျိုးအများဆုံး နေထိုင်သော မြို့နယ်များမှာ ကယားပြည်နယ် ဘောလခဲ ခရိုင်၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့ တွင် အများဆုံးနေထိုင်ကြကြောင်းနှင့် ကျန် မြို့နယ်များမှာ လူဦးရေအနည်းငယ်ဖြန့် ကျက်နေထိုင်ကြပါသည်။

Ma Nu Ma Naw (KawYaw)

မနုမနောတိုင်းရင်းသားများသည် ကယား   ပြည်နယ် အတွင်းရှိ မြို့နယ်များဖြစ်သော  ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။ မနုမနောတိုင်း ရင်းသားများ၏ ထင်ရှားသောပွဲတော်များမှာ ဗေးလပ်(ခေါ်) ဒီးကူပွဲ၊ ဂါဘိုပူဇော်ပွဲနှင့် ဆွန်ဂါ ပွဲတို့ဖြစ်ပါသည်။

Gay Bar

ဂေဘားတိုင်းရင်းသားများသည် ကယားပြည်နယ် အတွင်းရှိ မြို့နယ်များဖြစ်သော လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့များတွင် အများဆုံး နေထိုင်ကြပါသည်။ ဂေဘားတိုင်းရင်းသားများ၏ထင်ရှားသော  ပွဲတော်များမှာ(၁)တောင်ယာစူးထိုးပွဲ၊(၂)ကောက် သစ်စားပွဲ၊ (၃)စပါးသိမ်းစပါးနယ်ပွဲ၊ (၄)အိမ်သစ် တက်ပွဲနှင့်(၅)ဂေဘားအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတို့ဖြစ်ပါသည်။

Kayaw

ကယောတိုင်းရင်းသားများသည် ကယား ပြည်နယ်တွင်းရှိ မြို့နယ်များ ဖြစ်သော လွိုင်ကော်၊   ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြပြီး ဘောလခဲ၊ ဖားဆောင်းများတွင် အနည်းငယ်စီနေထိုင် ကြပါသည်။ ကယော တိုင်းရင်းသားများ၏  ထင်ရှားသောပွဲတော်များမှာ အိမ်သစ်တက်ပွဲနှင့် ဖားစည်ပွဲတော်တို့ဖြစ်ပါသည်။

Gay Kho

ကယန်းဂေခိုမျိုးနွယ်စု များသည် ကယား ပြည်နယ် အတွင်းရှိ    လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ် များတွင် အများဆုံးနေထိုင်ကြသည်။ ကယန်းဂေခို မျိုးနွယ်စု ၏ ထင်ရှားသော ပွဲတော်များမှာ တောင်ယာမီးရှို့ပွဲ၊ စပါးပျိုးကြဲပွဲ၊ ကောက်ရိတ်သိမ်းပွဲနှင့် စပါးဦးစားပွဲ တို့အပြင်ကယန်းမျိုးနွယ်စု ဖြစ်သည့် အားလျော်စွာ ကယန်းအမျိုးသားနေ့  ပွဲတော်ကိုလည်း စုပေါင်း ပါဝင်ဆင်နွှဲကြပါသည်။ ယခုအခါတွင် ကယန်း   (ဂေခို)အစား ကယန်း(ကဒေါ့) ဟုပြောင်းလဲ သတ်မှတ်ခေါ်ဆိုကြသည်။

Subscribe to