Skip to main content
x
မြစ်သဲ/မြစ်ကျောက်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁။    ကာယကံရှင် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
    (က)    ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်။
    ( ခ)    လျှောက်ထားသည့်မြေနေရာ၏မြေပုံကြမ်း။
    ( ဂ)    မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။
    (ဃ)    ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ကွက် မြေပုံနှင့်သဘောထားမှတ်ချက်ရှိပါက လုပ်ငန်းရှင်သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြစ်သဲ/မြစ်ကျောက် ထုတ်လုပ်ခွင့်လျှောက် ထားရမည်ဖြစ်ပါသည်။

မြေငှါးဂရန်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

မြေငှါးဂရန်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
၁။    လျှောက်ထားသူကာယကံရှင်မှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက် ထားရာတွင် ပါဝင်ရမည့်အချက်များ-
(က)    လျှောက်လွှာ။ (လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ် လိပ်စာနှင့် အလုပ်အကိုင်၊ ၅ဝဝိ/- တန်တံဆိပ်ခေါင်းကပ်ပြီး သတ်မှတ်ပုံစံဖြင့် လျှောက်ထားရမည်။)
( ခ)    မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေစာရင်းပုံစံ (၁၀၅၊၁၀၆)၊ မြေစာရင်းပုံစံ(၁၀၅)တွင် တံဆိပ်ခေါင်း၅ဝဝိ/-တန်ကပ်ရန်။
( ဂ)    မြေပိုင်ဆိုင်မှု အထောက်အထား-

Subscribe to