Skip to main content
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ အမှတ်(၇)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)အတွက် ထောက်ပံ့အလှူငွေပေးအပ်

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အမှတ်(၇)တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)တွင် ဆေးကုသရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးများ ဝယ်ယူရန်အတွက် ထောက်ပံ့အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်(၀၉၀၀)နာရီက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှတ်(၇)တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)တွင် ဆေးကုသရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးများဝယ်ယူရန် အတွက်ထောက်ပံ့ငွေကျပ် (၃,၈၄၃,၈၀၀)ကျပ်အား ပေးအပ်လှူဒါန်းရာ အမှတ်(၇)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀) ခေတ္တတပ်မှူးဗိုလ်မှူးအောင်မျိုးဦး ကလက်ခံ ရယူခဲ့သည်။
အဆိုပါထောက်ပံ့အလှူငွေကို လွိုင်ကော်မြို့အမှတ်(၇)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)တွင် လိုအပ်နေသောဆေးကုသရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် အဆိုပါဆေးရုံသို့ လာရောက်ဆေးကုနေသော တိုင်းရင်းသားပြည်သူများအတွက် ဆေးဝါးများဝယ်ယူရန် ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။