Skip to main content
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များရှိရေရှားပါးသည့် ကျေးရွာများတွင် ရေရရှိရေးဆောင်ရွက်မည့် အစီအစဉ်များအားညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနားသို့တက်ရောက်

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခင်မောင်ဦးသည် ယနေ့မွန်းလွဲ(၀၂၃၀)နာရီတွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ ရေရှားပါးသည့် ကျေးရွာများတွင် ရေရရှိရေးဆောင်ရွက်မည့် အစီအစဉ်များအားညှိနှိုင်း ဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များရှိရေရှားပါးသည့်ကျေးရွာများတွင် နှစ်စဉ်ရေရှားပါးသည့် ပြဿနာကိုဖြေရှင်းရန်အတွက် ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါဒေသများတွင် ရေရရှိရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လတ်တလောကာလသာမက ရေရှည်ကာလအထိပါမျှော်မှန်းပြီး အမှန်အကျိုးရှိစေမည့် စီမံကိန်းဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်နယ်တွင်းတွင် ပြည်နယ်အတွက်သာမကနိုင်ငံအတွက်ပါ အကျိုးရှိစေမည့် လျှပ်စစ်ကဏ္ဍကိုပံ့ပိုးပေးနေသည့် မြစ်များ၊ ချောင်းများရှိသဖြင့် အဆိုပါ မြစ်/ချောင်းများမှတစ်ဆင့် ပြည်သူများရေရရှိရေးကိုပါ ဆောင်ရွက်ပေးနိုင်သည့် ရေအရင်းအမြစ် အလျှံအပယ်ရှိသည့် မြစ်/ချောင်းများကိုရေရှည်အကျိုးကိုမျှော်မှန်းပြီး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်၏လိုအပ်ချက်ကို ပြည်နယ်အဆင့်တွင်သာမက နိုင်ငံတော်အဆင့်ကပါပံ့ပိုး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။ 
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းချစ်ကရေရရှိရေးဆောင်ရွက်မည့်အစီအစဉ်များအားမြို့နယ်အလိုက်ဆောင်ရွက်မည့်အစီအစဉ်ကိုရေအရင်းအမြစ်အရလိုအပ်ချက်၊ ခန့်မှန်းကုန်ကျငွေ၊ ဦးစားပေးအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်တို့ကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသောပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများကရေရှည်ကာလအတွက် မျှော်မှန်းပြီးစီမံကိန်းလျာထားချက်များအပေါ်တွင် ပိုမိုအကျိုးဖြစ်ထွန်းနိုင်သည့်နည်းလမ်းများကိုဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကတင်ပြဆွေးနွေးချက်များအပေါ်တွင် ပြည်နယ်အတွင်းရှိရေရှားပါးသောပြဿာနာကိုနေ့စဉ်ကြုံတွေ့နေရသည့် ပြည်သူများအကျိုးကိုရှေးရှုပြီးစီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေရှည်ကာလအတွက် အမှန်အကျိုးရှိစေနိုင်သည့် စီမံချက်ဖြစ်စေလိုကြောင်း၊ အဆိုပါစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများ၏ပူးပေါင်းမှုအား မှာအရေးပါကြောင်း၊ ဆောင်ရွက်မည့်နေရာများကို ကွင်းဆင်းလေ့လာကြပြီးအမှန်တွေ့ရှိချက်များအပေါ်တွင် သုံးသပ်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်းပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။