မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာမှ ဒေသခံပြည်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ့ဆုံ

3-3-2020-3 1

3-3-2020-3 2

3-3-2020-3 3

(၂၀၂၀ မတ် ၁)
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များအပေါ် တတ်စွမ်းသည့် ကဏ္ဍများအလိုက် ဖြည့်ဆည်းပေးနိုင်ရေး လူထုတွေ့ဆုံပွဲများပြုလုပ်၍ ဖြည့်ဆည်းပေးလျက်ရှိရာ (၁.၃.၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် မယ်စဲ့မြို့ နယ်၊ ဟိုဂျစ်ကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မယ်စဲ့ မြို့နယ် ဟိုဂျစ်၊ ဟိုဖ၊ တောင်လှ၊ လမ်းဆုံနှင့် လယ်တော ကျေးရွာမှ ဒေသခံပြည်သူများ စုံလင် စွာတက်ရောက်ခဲ့ ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်မိပြီး တက်ရောက်လာသည့် ဌာနတာဝန်ရှိသူများ အားလုံကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးရန် လာရောက်ခြင်းဖြစ်ပြီး ကြပ်မတ်စိစစ်ခဲ့ပါ ကြောင်း၊ ဟိုဂျစ်ကျေးရွာနေ ပြည်သူများသည် မိမိနှင့် မစိမ်းပါကြောင်း၊ ဝန်ထမ်းဘဝကတည်းက ကျောင်းစစ် ဆေးရေးလုပ်ငန်းများကို လာရောက်ဆောင်ရွက်ခဲ့ပြီး ဒေသခံများနှင့်ရင်းနှီးမှုရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ တွင် အစိုးရသစ် အဖွဲ့၌ မိမိအနေနှင့် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ချိန်တွင် လမ်း၊ ရေ၊ မီး စသည့် အခြေခံ လိုအပ်ချက်များအတွက် အဓိက ကြိုးပမ်းပေးခဲ့ပြီး အဓိကအနေနှင့် လမ်းလိုအပ်ချက်များစွာ ရှိပါကြောင်း၊ နှစ်စဉ် ဘတ်ဂျက်များကို ခွဲဝေ လျာထားပေးခဲ့ပြီး (၉)မိုင် ခန့်ရှိသည့် လမ်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ အခြားလိုအပ်သည့် လမ်းလုပ်ငန်းများကို ၂၀၁၉ -၂၀၂၀ ခု၊ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိအနေနှင့် လုပ်ပေးနေ၍ ပြောနေခြင်း မဟုတ်ဘဲ ကျေးရွာနေပြည်သူများ၏ ပူးပေါင်းမှု မိမိတို့ ရွေးချယ်သည့် အစိုးရကြောင့်သာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ကျေနပ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပြီးပြည့်စုံသည်ဟူ၍မရှိဘဲ လိုအပ် ချက်များသည် ရှိနေမည်ဖြစ်ရာ ပြည်သူ၊ အစိုးရနှင့် ဌာန တို့ တက်ညီ လက်ညီ ကြိုးပမ်း၍ ဒီမိုကရေစီပန်းတိုင်ကို ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုထက်မက စည်းလုံးပြီး ချစ်ကြည်ရင်းနှီးမှုများဖြင့် ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ နောင်အနာဂါတ်တွင်လည်း စုစည်း ညီညွတ်မှုများဖြင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကြီး အားကောင်းလာစေရေး၊ ကောင်းမွန်မှန်ကန်သည့် အမွေ ကောင်းများအား အနာဂါတ်လူငယ်များအတွက် ပေးအပ် နိုင်ရေး၊ နမူနာကောင်းများ၊ သင်ခန်းစာကောင်းများ ပေးအပ်နိုင်ရေးအတွက် လူကြီးများက ဆောင်ရွက်ပေး နိုင်ရမည်ဖြစ်ရာ ယင်းအတွက် ကြိုးပမ်းပေးကြစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်မှ မိမိအနေနှင့် မည်သည့် အခါမျှ အမိန့်နှင့် ဇွတ်အတင်းဆောင်ရွက်ခြင်း မရှိပါ ကြောင်း၊ စေတနာ၊ ချစ်ခြင်း မေတ္တာများဖြင့် ပူပေါင်းလာ အောင်သာ ကြိုးပမ်းခဲ့ပါကြောင်း၊ ဟိုဂျစ်ကျေးရွာ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်လာပြီး လမ်းနှင့် လျှပ်စစ်မီးများ ရရှိနေပြီဖြစ်၍ ဖွံ့ဖြိုးလာ တော့မည်ဖြစ် ပါကြောင်း၊ ထပ်မံ၍ ဖွံ့ဖြိုးလာရန်အတွက် ကျေးရွာသူ/သားများက အားစိုက်ဆောင် ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ကျေးရွာသန့်ရှင်းသာယာလှပရေးအတွက် ရွာသူ/သားများက ဖော် ဆောင်ရမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်လည်း အတိုင်းအတာတစ်ခု အထိ ရရှိအောင် ဆောင်ရွက်ပေးနေပြီး ကျောင်းမျာကို လည်း အဆင့်မြှင့်တင် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အစိုးရမှ အားပေးဆောင်ရွက် နေချိန် ကျေးရွာသူ/သားများ အနေနှင့် မိမိတို့နေအိမ်များ သန့်ရှင်းသပ်ရပ်ရေး၊ သာယာလှပရေးအတွက် ကြိုးပမ်း ပေးစေလိုပါ ကြောင်း၊ ဒီမိုကရေစီကိုသွားသည့် အရွေ့ တွင် မိမိတို့တတ်စွမ်းသည့် ကဏ္ဍများမှနေ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း လိုက်ပါဆောင်ရွက်တတ် ရန် ဖြစ်ပြီး မိမိအနေနှင့် မေတ္တာရပ်ခံနေခြင်းသာ ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ရာ တက်ရောက်လာသူများအနေနှင့် မိမိရပ်ရွာဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည်များ တင်ပြဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အဖွင့် အမှာ စကား ပြောကြားခဲ့ပါသည်။
ယင်းနောက် ဒေသခံပြည်သူများက တင်ပြရာတွင် ဟိုဂျစ်ကျေးရွာမှ ဘုရားကျောင်း တက်ရောက်သူ များပြား ပြီး ဘုရားကျောင်းမှာ သေးငယ်နေ၍ အသစ်ဆောက်လုပ် နေသည့် ဘုရား ကျောင်း မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အတွက် အလှူငွေများ ထည့်ဝင်ပေးစေလိုပါကြောင်း၊ ဆက်သွယ်ရေးတာဝါတိုင် လိုအပ်နေ၍ ကူညီဆောင်ရွက် ပေး စေလိုပါကြောင်း၊ ယခုလို လမ်း၊ လျှပ်စစ်မီးနှင့် ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အတွက် ကျေးဇူး အထူးတင်ရှိပါကြောင်းဖြင့် တင်ပြခဲ့ကြပါသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဘုရားကျောင်း တည် ဆောက်ရေး လုပ်ငန်းအတွက် ငွေကျပ်(၅)သိန်းအား ထောက်ပံ့လှူဒါန်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ (၁)ထောင်ကျပ် တန်များအား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။