အဓိကအကြောင်းအရာသို့ သွားမည်
x

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်ခြင်းကို ယနေ့နံနက် ၈နာရီခွဲက ပြည်နယ်ပြည်သူ့ဆေးရုံကြီးနှင့် တပ်မတော်ဆေးရုံတို့၌ ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း ၊ သွေးပေါင်ချိန်တိုင်းတာခြင်း ၊ သွေးလက်ခံရယူခြင်းနှင့် စုပေါင်းသွေး လှူဒါန်းနေမှု များကို ကြည့်ရှု အားပေးကာ သွေးလှူဒါန်းကြသည့် ဝန်ထမ်းများထံ အားဆေး ၊ အချိုရည် ၊ ကြက်ဥ ၊ ဌက်ပျောသီး စသည့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး နှင့် တာဝန်ရှိသူများသည် တပ်မတော်ဆေးရုံသို့ သွားရောက်၍ လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှု အားပေးကာ သွေးလှူဒါန်းကြသည့် ဝန်ထမ်းများထံ အားဆေး ၊ အချိုရည် ၊ ကြက်ဥ ၊ ဌက်ပျောသီး စသည့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါစုပေါင်းသွေးလှူဒါန်းရာတွင် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် အသီးသီးရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများနှင့် အခြားအဆင့်ဝန်ထမ်း စုစုပေါင်း (၆၅)ဦးတို့က သက်ဆိုင်ရာဆေးရုံများတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။