အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့တွင် အခြေခံနှင့် မွမ်းမံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက် လျက်ရှိရာ မိသားစုဝင်ငွေတိုး စီမံကိန်းဖြင့် ဖွင့်လှစ်သည့် အခြေခံနှင့်မွမ်းမံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရဲဝင်း၊ ဌာနဆိုင်ရာများ၊ နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဉီးစွာ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရဲဝင်းက အမှာစကားပြောကြားရာ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအရ ဖွင့်လှစ်သည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်နှင့် အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံနှင့် မွမ်းမံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းသို့ တက်ရောက်ကြသည့် ရပ်ကွက်အသီးသီးမှ လူငယ်များအနေဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် ရရှိမည့်အခွင့်အလမ်း တစ်ခုဖြစ်သည့် အတွက် သင်တန်းကို ကြိုးစားလိုက်နာသင်ယူကြပြီး ထူးချွန်သူများလည်း ပေါ်ပေါက် လာခဲ့ပါကြောင်း၊ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်းပညာများ တတ်မြောက်ထားခြင်းသည် မိသားစုဝင်ငွေရရှိရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သလို လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ စီမံကိန်း သင်တန်းများပြီးစီးပါက လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပြီး လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်။
ထို့နောက် ကယားပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။