မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ လက်ပံချိုင်းကျေးရွာ၊ ဗုဒ္ဓခြေတော်ရာ ကျောင်းတိုက်၏ ဦးစီးပဓာန နာယက မေတ္တာရှင်သဒ္ဓိအောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

10-2-2020 1

10-2-2020 2

10-2-2020 3

(၂၀၂၀ ဖေဖော်ဝါရီ ၁၀)

ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီးဒေါ်မြင့်မြင့်မော် (သား) မောင်ရဲထက်မော်၊ မောင်ထွဋ်ဈာန်ပိုင် မိသားစုတို့မှ မွေးနေ့မင်္ဂလာအလှူတော်ကုသိုလ်အဖြစ် ကျင်းပသည့် “အထူးဓမ္မသဘင်အခမ်းအနား” ဆင်ယင်ကျင်းပရန် ကြွရောက်လာသည့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ လက်ပံချိုင်းကျေးရွာ၊ ဗုဒ္ဓခြေတော်ရာ ကျောင်းတိုက်၏ ဦးစီးပဓာန နာယက မေတ္တာရှင်သိဒ္ဓိအောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ နယ်လှည့်သာသနာပြု ဓမ္မကထိက(ကမ္မဋ္ဌာနစရိယ) ဆရာတော်ဘုရားအား ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးမိသားစု တို့မှ (၁၀.၂.၂၀၂၀)ရက်နေ့ နံနက်တွင် ပြည်နယ်ဝန်ကြီးချုပ်နေအိမ်၌ အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆရာတော်ထံမှ သြဝါဒများခံယူခဲ့ကြပါသည်။