အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁ ) ပြုလုပ်

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ နှင့် ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကို ယနေ့ ၊ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးခင်မောင်ဦး (ခ) ဘူးရယ် က ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဒေသကိုယ်စားပြုသူတစ်ဦး  ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီရွေးချယ် ဆောင်ရွက်ကြဖို့လိုအပ်မှာဖြစ်ကြောင်း ၊ သက်ဆိုင်ရာဌာနအသီးသီးတွင် ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် နှင့် မိမိအနေဖြင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အဓိက အလေးထား လုပ်ဆောင်သွား မှာဖြစ်ကြောင်း ၊ လက်ရှိဆောင်ရွက်နေကြသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း အရှိန်မပျက် အကောင်းဆုံးဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ၊ ဘတ်ဂျက်တွေ သုံးစွဲရာမှာလည်း ဉပဒေ များနဲ့အညီသုံးစွဲဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း ၊  လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲဖြစ် လာစေရေးအတွက် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကယားပြည်နယ် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လွိုင်ကော် ဒေသကွပ်ကဲရေးမှူး က မိမိတို့အနေဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို ဝင်ရောက်ဆောင်ရွက်ခြင်းမျိုးမရှိပါကြောင်း ၊ ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်ချမှုမရှိစေရေး အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုအပ်မှာ ဖြစ်ကြောင်း ၊ လိုအပ်ချက်များ ၊ အခက်အခဲများရှိပါ ပွင့်လင်းစွာဆွေနွေးပြောကြား ဖို့လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အစည်းဝေးသို့ တက်ရောက်လာကြသည့် ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများက ခရိုင် / မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်မည့် ဒေသကိုယ်စားပြုသူတစ်ဦး ရွေးချယ် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် လွိုင်ကော် ဒေသကွပ်ကဲရေးမှူး ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများ ၊  ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။