အဓိကအကြောင်းအရာသို့ သွားမည်
x

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သော လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များအား e-ID Server အတွင်း ဖြည့်စွက် ၊ ပြင်ဆင် ရိုက်သွင်းစာရင်းပြုစုခြင်းဆောင်ရွက်နေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီး မြို့နယ်(၅)မြို့နယ်၏ လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များအား Software Program အတွင်းဖြည့်စွက် ၊ ပြင်ဆင် ၊ ထည့်သွင်းနေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ ကွန်ပျူတာခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ- ၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များကို e-ID စနစ်ဖြင့် HOUSEHOLD REGISTRATION SYSTEM အတွင်း ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်ရာတွင် မှန်ကန်တိကျမှုရှိအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကာ လိုအပ်သည်များ ကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သော မြို့နယ်(၅)မြို့နယ်၏ လူဦးရေစာရင်းဆိုင်ရာ အချက် အလက်များအား e-ID HOUSEHOLD REGISTRATION SYSTEM အတွင်း ဖြည့်စွက် ၊ ပြင်ဆင် ၊ မှတ်ချက်ရေးသွင်းခြင်း လုပ်ငန်းအား ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွန်ပျုတာကျွမ်းကျင်ဝန်ထမ်း (၁၇)ဦးဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ရိုက်သွင်းဆောင်ရွက်လျက်ရှိရာ (၈၃)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ဖေဖော်ဝါရီလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။