အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများအားတပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများကို ယနေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ်၌ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေနှင့် တာဝန်ရှိသူများက ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူ (၁၃) ဦး ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူ (၂၇)ဦးတို့အား လွိုင်ကော်လေဆိပ်၌ တွေ့ဆုံအားပေးစကား ပြောြကားပြီး သင်တန်းသား ၊ သင်တန်းသူများအား တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။