အဓိကအကြောင်းအရာသို့ သွားမည်
x

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask) များ ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော် မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်း နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လွိုင်ကော်မြို့  သီရိမင်္ဂလာဈေး၌ ပြုလုပ်ခဲ့သည်။
 အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးမျိုးကျော်နှင့် ကော်မတီအဖွဲ့ဝင် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ “ အပြင်ထွက်ပါက နှာခေါင်းစည်း (Mask)များကို တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာ နေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန်” အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေး နှိုးဆော်မှုများကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး လမ်းသွားလမ်းလာ နှင့် ဈေးသွားဈေးလာ ပြည်သူများကို နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ သတိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။