အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့မထောခူကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမပြန့်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ လွိုင်ကော်မြို့၊ လေးမိုင်စံပြကျေးရွာရှိ လောပိတစံပြခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန နှင့်စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာသူ ၊ ကျေးရွာသား (၂၀၅) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။