Skip to main content
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုအားပေး

ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်း မြို့ ၊ ရွာ သန့်ရှင်းသာယာ လှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ ၊ သင်တန်းကျောင်းများ ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်နယ် ဧည့်ရိပ်သာ ၊   ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်းအတွင်း ၊ ပြည်နယ်ဧည့်ရိပ်သာ ၊ ဝန်ထမ်းအိမ်ရာ များနှင့် ဌာနဆိုင်ရာရုံးများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရှိရသည်။