Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများနေထိုင်သည့် ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းနှင့် လွိုင်ကော်ကက်သလစ် သာသနာ ၊ ဧဝံဂေလိစေတမန်/ စေတမန်မူကြို ဗဟိုသင်တန်းကျောင်းတို့သို့ သွားရောက်၍  ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားကုန်များ ဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်း ၊ ဆရာတော် ဘဒ္ဒန္တ ဇိနောဘာသ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ 
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းနှင့် လွိုင်ကော်ကက်သလစ်သာသနာ ၊ ဧဝံဂေလိစေတမန်/ စေတမန်မူကြို ဗဟိုသင်တန်းကျောင်းတို့၌ နေထိုင်နေကြသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ မိမိတို့၏နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေး ၊ လတ်တလော စားသောက်ရေးကိစ္စများ အဆင်ပြေစေရေး ၊ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်စေရေး ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများထိုးနှံနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြား၍ အားပေးစကား ပြောကြားခဲ့ပြီး အိမ်ထောင်စု လူဦးရေအလိုက် အခြေခံစားကုန်များဖြစ်သော ဆန် ၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။