Skip to main content
x

ကယားပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစောဟူးဟူ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များသို့ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစောဟူးဟူသည်  မေ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်က လွိုင်ကော် သစ်တောခရိုင်ရုံးဝန်းအတွင်းရှိ ဒီးမော့ဆို (ယာယီ) ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် (၇၅,၅၀၀)ပင်၊ သစ်မျိုး (၁၆)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ကန္ဒရဝတီပျိုးဥယျာဉ်တွင်  လူထုဖြန့်ပျိုးပင် (၁၀၁,၅၀၀)ပင်၊ သစ်မျိုး (၂၃)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
သစ်တောဦးစီးဌာနမှ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်တာဝန်ခံများ၏ ပျိုးဥယျာဉ်လုပ်ငန်း‌ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးမှ လူထုဖြန့်ပျိုးပင်များအား ဖြန့်ဝေသည့်အချိန်တွင် အောင်လုံသန်စွမ်းသည့်  ပျိုးပင်များရရှိရေး ၊ ပျိုးပင်အမြင့် (၂)ပေအထက်ရောက်ရှိရေး ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့များအား ပျိုးပင်များ အချိန်မှီ ဖြန့်ဝမိုးရာသီသစ်ပင်ရေး  ၊ ကယားပြည်နယ်၏ အထိမ်းအမှတ် သစ်မျိုးအဖြစ် “စိန်ပန်းနီသစ်မျိုး”အား သတ်မှတ်ထား ရှိသည့်အတွက် ပျိုးပင်အများအပြားပျိုးထောင်၍ ဖြန့်ဝေနိုင်ရေးနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။