Skip to main content
x

လွိုင်ကော်မြို့တွင်"(၁၂)နှစ်အထက် ကျောင်းသူ ၊ကျောင်းသားများ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး မိဘပြည်သူများဝိုင်းဝန်းကူညီပေး "အသိပညာပေးပိုစတာစိုက်ထူ

လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက်"(၁၂)နှစ်အထက် ကျောင်းသူ ၊ကျောင်းသားများ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး မိဘပြည်သူများဝိုင်းဝန်းကူညီပေး " ဆောင်ပုဒ်ပါ အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို အောက်တိုဘာ(၁၄)ရက် မွန်းလွဲပိုင်းက လွိုင်ကော်မြို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ က လွိုင်ကော်မြို့နယ် "(၁၂)နှစ်အထက် ကျောင်းသူ ၊ကျောင်းသားများ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး မိဘပြည်သူများဝိုင်းဝန်းကူညီပေး "ဆောင်ပုဒ်ပါ ပိုစတာစိုက်ထူခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လွိုင်ကော်မြို့နယ်အနေဖြင့် အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်း ၊ အထက်တန်း ကျောင်းသား ၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစုရပ်(၃)နေရာခွဲ၍ထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလ(၁၇)ရက်နေ့မှ
အောက်တိုဘာလ(၁၈)ရက်နေ့ထိထိုးနှံပေးသွားမည် ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လတွင်ကျောင်းအပ်နှံခဲ့သည့် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာအလယ်
တန်း ၊ အထက်တန်း ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။