Skip to main content
x

လွိုင်ကော်မြို့ ၌ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေအစစ်ချမွမ်းမံ၍ ရတနာစိန်ဖူးတော်နှင့် ရွှေငှက်မြတ်နားတော်အသစ် တင်လှူပူဇော်ခြင်း ၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ  ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ခုနှစ်ရက်သားသမီးအပေါင်းတို့၏ မဟာအလှူတော်ကုသိုလ်ဖြင့် ကျင်းပဆောင်ရွက်သည့် သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေအစစ်ချမွမ်းမံ၍ ရတနာစိန်ဖူးတော်နှင့် ရွှေငှက်မြတ်နားတော်အသစ် တင်လှူပူဇော်ခြင်း ၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း မဟာမင်္ဂလာအခမ်းအနား ကို ယနေ့ နံနက် ၆ နာရီအချိန်က လွိုင်ကော်မြို့ မြို့နာမ်စေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မဟာမင်္ဂလာအခမ်းအနားကို စတင်တော်မူခဲ့ပြီး ပြည်နယ်ဩဝါဒစရိယ လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာပုံဟော်ကြီးကျောင်း ဆရာတော်ဘုရားထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရစ္ဇျာယ်တော်မူပြီး ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး နှင့်တာဝန်ရှိသူတို့က ရတနာစိန်ဖူးတော် ၊ ရွှေငှက်မြတ်နားတော်နှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး ဥပသကာများ ၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး နှင့်တာဝန်ရှိသူတို့က ရတနာစိန်ဖူးတော်နှင့် ရွှေငှက်မြတ်နားတော်ကို စေတီတော်ကြီးအား လက်ယာရစ်(၁)ပတ် လှည့်လည်ပင့်ဆောင်ပူဇော်ခဲ့သည်။
ထို့နောက် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး နှင့်တာဝန်ရှိသူတို့က ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို တင်လှူပူဇော်ပြီး ရတနာစိန်ဖူးတော်အား အမွှေးနံသာရည်ဖြင့် ဆွတ်ဖြန်းပူဇော်၍ ဇယမင်္ဂလာအောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုခဲ့သည်။
ယင်းနောက် ဥပသကာများက ဆရာတော်များထံ တံခွန် ၊ ကုက္ကား ၊ မုလေးပွား စသည်များဆက်ကပ်ပြီး ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်မှ ဦးဆောင်၍ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကိုဆောင်ရွက်တော်မူခဲ့သည်။
၎င်းနောက် ဆရာတော်ဘုရားများ ၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးတို့က မော်ကွန်းကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်ဖြင့် ဆွတ်ဖြန်းခဲ့ကြောင်းသိရသည်။