အဓိကအကြောင်းအရာသို့ သွားမည်
x

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)ကျင်းပ

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၂၆)  (ပထမနေ့) ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ ကယားပြည်နယ်လွှတ်တော်ရုံး လွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆)  (ပထမနေ့) သို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၆) ဦး ရှိပြီး တက်ရောက်သူ (၁၀၀) ရာခိုင်နှုန်းရှိသည့်အတွက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၂၆)  (ပထမနေ့) အထမြောက်ကြောင်း နှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာခဲ့ပါသည်။    
ဆက်လက်၍ ခွင့်ပန်ကြားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြု မှတ်တမ်းတင်ခဲ့ပါသည်။  
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၆၅/၂၀၂၆) အရ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်းကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တင်ပြမှတ်တမ်းတင်သည်။
ဆက်လက်၍ အစားထိုးပြောင်းလဲသည့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး နောင်လတ်က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့လာ သည့် ပြည်နယ်လွှတ်တော်က အတည်ပြုထားသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြဆွေးနွေးပြီး အတည်ပြုချက်ရယူသည်။
ထို့နောက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၂၆)  (ပထမနေ့) ရပ်နားခဲ့ပြီး အစည်းအဝေးကျင်းပမည့်ရက်ကိုပြန်လည်အကြောင်းကြားမည်ဖြစ်ကြောင်း သိရှိရသည်။