အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့တွင် ပြည်နယ်လုံးဆိုင်ရာ စုပေါင်းစာရေးတံမဲပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်လုံးဆိုင်ရာ စုပေါင်းစာရေးတံမဲပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပရာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွ့င်လှစ်ပြီး လွိုင်ကော် မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် နိပုဏာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနိပုဏ (သဒ္ဓမ္မဇောတိကဓဇ) အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများက ဆရာတော်သံယာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်အရှင်မြတ်ထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်း၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။