အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

ဆိုင်ကလုန်မုန်တိုင်း (မိုခါ) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက  ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဆိုင်ရာ သတင်းအချက်အလက်များ အပေါ်အခြေခံ၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း ၊ ဒေသအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကိုဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်မတည်၍ ပြည်ထောင်စုအတွင်းရှိ မုန်တိုင်းသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၌ အထောက်အကူပြု အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ စေတနာရှင်အလှူရှင် ပြည်သူများပါဝင်သည့်  စုပေါင်းလှူဒါန်းပေးအပ်သည့် အလှူငွေများကို သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာနမှတစ်ဆင့် ပြည်သူ လက်ဝယ်အရောက် ရောက်ရှိ နိုင်ရေးတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊  စေတနာရှင် အလှူရှင်ပြည်သူများ အနေဖြင့်နိုင်ငံတော်ကို အကျိုးပြုသော လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။
ထို့နောက် စေတနာရှင်အလှူရှင်ပြည်သူများက မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အသီးသီးလက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယနေ့ (ဒုတိယအကြိမ်) အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုမှ ထပ်မံစုပေါင်းလှူဒါန်း ငွေကျပ် (၃၇,၀၂၅,၂၀၀)သိန်း ဖြစ်ပြီး ကယားပြည်နယ်မှ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် စုစုပေါင်း လှူဒါန်းပြီးငွေမှာ ကျပ်(၁,၂၃၂,၅၈၃,၀၀၀)သိန်း ဖြစ်ကြောင်းသိရှိရသည်။