အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် မည်ဖြစ်၍ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်း များတွင် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ် အစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့နယ် အတွင်းရှိ အမှတ်(၁) နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများ ၊ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ သွားရောက်၍ မိဘအုပ်ထိန်းသူများက ကျောင်းသား ၊ ကျောင်းသူများအား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ကျောင်းသား ၊ ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့်ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းလာရောက် အပ်နှံလျက်ရှိသော ကျောင်းသား မိဘအုပ်ထိန်းသူများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရက အခြေခံပညာရေးကို အခမဲ့ပညာသင်ကြားနိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ အားလုံး ပညာရေးမဝေးစေရန် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးများ အားလုံး အရည်အသွေးကောင်းမွန်ပြီးအဆင့်မီသည့် ပညာသင်ယူနိုင်ခွင့် ရရှိစေရန် ဘက်ပေါင်းစုံ မှကူညီအားပေး ပံ့ပိုးပေးလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ယခုပညာသင်နှစ်မှစတင်၍ လွိုင်ကော်မြို့တွင် စိုက်ပျိုး ၊ မွေးမြူရေး အထက်တန်းကျောင်း အ.ထ.က (ချိကယ်)ကို ဖွင့်လှစ်သွားမည်ဖြစ်ရာ KG+9 အလယ်တန်း ပညာရေး ပြီးဆုံးအောင်မြင်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်း အခြေခံ ရရှိရေးအတွက် Grade-10 ၊ Grade-11 ၊ Grade-12 အတန်းများတွင် စိုက်ပျိုး ၊မွေးမြူရေး ပညာရပ်များကို သင်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။