အဓိကအကြောင်းအရာသို့ သွားမည်
x
ပန်ပက်ကျေးရွာ
ပန်ပက်ကျေးရွာ

ပန်ပက်ကျေးရွာသည်  ဒီးမော့ဆိုမြို့နယ်အတွင်းတည်ရှိပြီး လွိုင်ကော်မြို့ မှ (၂၆) မိုင် ၊မော်တော် ယာဉ်ဖြင့် (၁)နာရီခန့် သွားရပါသည်။   ကယန်း(ပဒေါင်) လူမျိုးများ၏    ဇာတိ  ကျေးရွာ ဖြစ်ပါ သည်။  လူထုအခြေပြု  ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ထားရှိသည့် ကျေးရွာ ဖြစ်ပြီး ပြည်တွင်း၊  ပြည်ပခရီးသွား ဧည့်သည်များ လာရောက်  လည်ပတ်နေကြသည့်    ကျေးရွာ     ဖြစ်ပါသည်။ ကျေးရွာအတွင်း ကယန်း လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ၊ ဝတ်စား ဆင်ယင် မှုများ၊  ကိုးကွယ် ယုံကြည်မှု ၊    လက်မှုလုပ်ငန်းများ၊      စိုက်ပျိုးရေးလုပ်ငန်းများ နှင့်     ကယန်းရိုးရာ အစားအသောက် များ၊   ကယန်းလူမျိုးတို့၏  ခေါင်းရည် ချက်လုပ်မှုနှင့် သောက်သုံးသည့်ဓလေ့ များသည် ခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်နေသည့်အရာများဖြစ်ပါသည်။ ကျေးရွာအနီး တောင်တက်ခရီးစဉ်များနှင့်လမ်းလျှောက်ခရီးစဉ်များသည် ကယား ပြည်နယ်သို့  လာရောက်လည်ပတ်သည့်   ခရီးသွားဧည်သည့်များအတွက် အမှတ်ရ စရာခရီးစဉ် တစ်ခု ဖြစ်ပါသည်။